Zawgyiဖြင့်ဖတ်ရန်






Rowena

Credit:Popolay

 

Unicodeဖြင့်ဖတ်ရန်

 

မုန့်စားနေတဲ့ ဇနီးချောလေးရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ ရွှေထူး

 

နိုင်ငံကျော် ဇနီးမောင်နှံဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက တစ်ယောက်နဲ့တစ်ယောက် နွေးထွေးမှုတွေအပြည့်နဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလျှောက်လမ်း ကိုယ်စီမှာ အောင်မြင်မှုတွေ ရရှိနေတာဖြစ်ပြီး ထွန်းလင်းတောက်ပတဲ့ ကြယ်လေးတွေဆိုလည်း မမှားပါဘူး။ ပရိသတ်တွေကလည်း နေနဲ့လ၊ ရွှေနဲ့မြလို လိုက်ဖက်လွန်းတဲ့ သူတို့ ဇနီးမောင်နှံလေးကို အားပေးချစ်ခင်ကြပါတယ်။

ဒီနေ့မှာတော့ ရွှေထူးက သူ့ရဲ့ ချစ်စရာကောင်းတဲ့ ဇနီးလေးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် မျှဝေပေးထားပါတယ်။ မိုမိုလေး ပရိသတ်တွေအတွက် ရွှေမှုံရတီရဲ့ မင်းသမီးမဟုတ်တဲ့ လက်တွေ့ဘဝက ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ရွှေထူးက “မိန်းကလေးတစ်ယောက်ဟာ သူစားချင်တဲ့ မုန့်ကိုစားနေရတဲ့အချိန်ဟာ ချစ်ဖို့အကောင်းဆုံးပါ ❤” ဆိုပြီး ချစ်ဇနီးလေး ရွှေမှုံရတီကို ကြည့်မဝဖြစ်နေတာပဲ ဖြစ်ပါတယ်။

ရွှေထူးက လက်ရှိမှာ သီချင်းဆိုတဲ့ အလုပ်အပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါ ရိုက်ကူးနေရတာမို့ အလုပ်တွေ အရင်ကထက် လုပ်ကိုင်နေရပေမယ့် ချစ်ဇနီးလေးကိုတော့ အချိန်ပေး ဂရုစိုက်ပေးနေတာ ဖြစ်ပါတယ်။

ရွှေထူးကတော့ မိန်းမကို အချစ်တတ်ဆုံး ယောကျာ်းသားထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Credit:Popolay