Zawgyiျဖင့္ဖတ္ရန္

 

အသက္အရြယ္မ်ိုးစံုက ပရိသတ္ေတြ အားေပးခ်စ္ခင္ျကတဲ့ မင္းသမီးေခ်ာေလး ထက္ထက္မိုးဦးက ေျကာ္ျငာေတြ အမ်ားအျပားကို ရိုက္ကူးခဲ့ရလို့ ေျကာ္ျငာမင္းသမီးေလးလို့ေတာင္ တင္စားခံရသူတစ္ဦးပါ။ ထက္ထက္မိုးဦးက ေျကာ္ျငာေတြအျပင္ ရုပ္ရွင္ဗီဒီယိုကားေတြလဲ ရိုက္ကူးခဲ့ျပီး ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈကို အမ်ားအျပား ရရိွခဲ့သူေလး ျဖစ္ပါတယ္။ ထက္ထက္မိုးဦးက လက္ရိွမွာလဲ အနုပညာလုပ္ငန္းေတြကို သိပ္ျပီး မလုပ္ကိုင္ေတာ့ေပမယ့္ သူမကိုခ်စ္တဲ့ ပရိသတ္ေတြကေတာ့ ဒီေန့ဒီအခ်ိန္ထိ အားေပးေနျကဆဲ ျဖစ္ပါတယ္။

အသက္အရြယ္တစ္ခု ရရိွလာတဲ့ေနာက္မွာေတာ့ ထက္ထက္မိုးဦးက က်န္းမာေရးခ်ိဳ့ယြင္းလာျပီး မၾကာခဏဆိုသလို ခြဲစိတ္မႈေတြ ျပဳလုပ္ရေလ့ရိွတာကို ေတြ့ရပါတယ္။ ဒီတစ္ေခါက္မွာလည္း ထက္ထက္မုိးဦးက သူမရဲ့ လည္ပင္းဘယ္ဘက္အျခမ္းမွာ အျကိတ္တစ္လံုးေတြ့ရလို့ ေဆးစစ္ေနရေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“ဘန္ေကာက္မွာ လည္ပင္းခြဲထားတာ ခုဘယ္ဘက္မွာ အႀကိတ္ထပ္ေတြ႕ေတာ့ မခြဲစိပ္ရပဲ ေပ်ာက္ရင္ေကာင္းမွာ ဆုေတာင္းမိပါတယ္။ ခဏခဏ ခြဲစိပ္ခန္းထဲဝင္ျပီး နွလုံးခြဲလိုက္၊ လည္ပင္းခြဲလိုက္၊ ဗိုက္က ခဏခဏခြဲလိုက္နဲ႔ ဘာမွမလုပ္ခ်င္ေအာင္ စိတ္ညစ္မိပါတယ္။”

“ဒီတခါေတာ့ မခြဲစိတ္ခ်င္ေတာ့တာ အမွန္ပါ။ ေဆးေသာက္ျပီး ေပ်ာက္ရပါေစ ဆုေတာင္းေနမယ္။ Mandalar Hospital ကိုလည္း ေက်းဇူးမ်ားႀကီးတင္ပါတယ္ရွင္ 🙏🏻🙏🏻🙏🏻” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္ကေနတဆင့္ မွ်ေဝထားပါတယ္။

ထက္ထက္မိုးဦးကေတာ့ ခြဲစိတ္မႈေတြ ခဏခဏ လုပ္ေနရတဲ့အတြက္ ေတာ္ေတာ္ေလး စိတ္ပင္ပန္း၊ လူပင္ပန္းျဖစ္ေနတာပဲ ျဖစ္ပါတယ္။ မုိမုိေလးပရိသတ္ၾကီးလည္း မင္းသမီးေခ်ာ ထက္ထက္မိုးဦး ခံစားေနရတဲ့ ေရာဂါေတြ အျမန္ဆံုး သက္သာေပ်ာက္ကင္းပါေစလို့ ဆုေတာင္းေပးၾကပါဦးေနာ္။

Rowena

Source: Htet Htet Moe Oo’s fb

Credit:Momlay

 

Unicodeဖြင့်ဖတ်ရန်

 

ဘယ်ဘက်လည်ပင်းမှာ အကြိတ်တစ်လုံးထပ်တွေ့လို့ ဆေးစစ်မှုခံယူနေရတဲ့ ထက်ထက်မိုးဦး

 

အသက်အရွယ်မျိုးစုံက ပရိသတ်တွေ အားပေးချစ်ခင်ကြတဲ့ မင်းသမီးချောလေး ထက်ထက်မိုးဦးက ကြော်ငြာတွေ အများအပြားကို ရိုက်ကူးခဲ့ရလို့ ကြော်ငြာမင်းသမီးလေးလို့တောင် တင်စားခံရသူတစ်ဦးပါ။ ထက်ထက်မိုးဦးက ကြော်ငြာတွေအပြင် ရုပ်ရှင်ဗီဒီယိုကားတွေလဲ ရိုက်ကူးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အများအပြား ရရှိခဲ့သူလေး ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက လက်ရှိမှာလဲ အနုပညာလုပ်ငန်းတွေကို သိပ်ပြီး မလုပ်ကိုင်တော့ပေမယ့် သူမကိုချစ်တဲ့ ပရိသတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ အားပေးနေကြဆဲ ဖြစ်ပါတယ်။

အသက်အရွယ်တစ်ခု ရရှိလာတဲ့နောက်မှာတော့ ထက်ထက်မိုးဦးက ကျန်းမာရေးချို့ယွင်းလာပြီး မကြာခဏဆိုသလို ခွဲစိတ်မှုတွေ ပြုလုပ်ရလေ့ရှိတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်မှာလည်း ထက်ထက်မိုးဦးက သူမရဲ့ လည်ပင်းဘယ်ဘက်အခြမ်းမှာ အကြိတ်တစ်လုံးတွေ့ရလို့ ဆေးစစ်နေရကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ဘန်ကောက်မှာ လည်ပင်းခွဲထားတာ ခုဘယ်ဘက်မှာ အကြိတ်ထပ်တွေ့တော့ မခွဲစိပ်ရပဲ ပျောက်ရင်ကောင်းမှာ ဆုတောင်းမိပါတယ်။ ခဏခဏ ခွဲစိပ်ခန်းထဲဝင်ပြီး နှလုံးခွဲလိုက်၊ လည်ပင်းခွဲလိုက်၊ ဗိုက်က ခဏခဏခွဲလိုက်နဲ့ ဘာမှမလုပ်ချင်အောင် စိတ်ညစ်မိပါတယ်။”

“ဒီတခါတော့ မခွဲစိတ်ချင်တော့တာ အမှန်ပါ။ ဆေးသောက်ပြီး ပျောက်ရပါစေ ဆုတောင်းနေမယ်။ Mandalar Hospital ကိုလည်း ကျေးဇူးများကြီးတင်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်ကနေတဆင့် မျှဝေထားပါတယ်။

ထက်ထက်မိုးဦးကတော့ ခွဲစိတ်မှုတွေ ခဏခဏ လုပ်နေရတဲ့အတွက် တော်တော်လေး စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်ကြီးလည်း မင်းသမီးချော ထက်ထက်မိုးဦး ခံစားနေရတဲ့ ရောဂါတွေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးကြပါဦးနော်။

Rowena

Source: Htet Htet Moe Oo’s fb

Credit:Momlay