Zawgyiျဖင့္ဖတ္ရန္

 

တစ္ခ်ိန္က ပရိသတ္ေတြ ၾကိဳက္နွစ္သက္ အားေပးခဲ့ရတဲ့ “ေရႊညီကို” အျငိမ့္အဖြဲ့ကို မွတ္မိၾကဦးမယ္ ထင္ပါတယ္။ “ေရႊညီကို” အျငိမ့္အဖြဲ့ဟာ ျငိမ္းခ်မ္း၊ ဝိုင္းခ်စ္၊ ေကာင္းေက်ာ္၊ ရွဲဒိုး နဲ့ ထက္ထက္ တို့နဲ့ ဖြဲ့စည္းထားခဲ့ျပီး အတိုင္အေဖာက္ညီညီနဲ့ ပရိသတ္ေတြအတြက္ ဟာဒယရႊင္ေဆး တုိက္ေကြ်းခဲ့တဲ့ အဖြဲ့တစ္ဖြဲ့ ဆိုလည္း မမွားပါဘူး။ ” ေရႊညီကို” အဖြဲ့ဟာ အခုဆိုရင္ အဖြဲ့သားေတြကိုယ္တိုင္ ကိုယ့္လုပ္ငန္းေတြနဲ့ကိုယ္ တစ္သီးတစ္ျခားျဖစ္ေနျပီပဲျဖစ္ျပီး အဖြဲ့ဝင္တစ္ဦးျဖစ္တဲ့ ရွဲဒိုးကေတာ့ ေရႊညီကိုအဖြဲ့ကိုေရာ ပရိသတ္ေတြကိုေရာ အျပီးတိုင္ နႈတ္ဆက္သြားတာ နွစ္ေပါင္း အေတာ္ၾကာျပီပဲျဖစ္္ပါတယ္။

ရွဲဒိုးကြယ္လြန္သြားခဲ့ေပမယ့္ “ေရႊညီကုိ” အဖြဲ့သားေတြကေတာ့ ဒီေန့ဒီအခ်ိန္ထိ ခ်စ္ခင္စြာ စည္းလံုးေနၾကဆဲ ျဖစ္ပါတယ္။ မေန့က နိုဝင္ဘာလ (၃) ရက္ေန့မွာေတာ့ ရွဲဒိုးရဲ့ သားေလးဟာ အရြယ္ေရာက္ျပီး အိမ္ေထာင္ျပုဖို့အတြက္ သူငယ္ခ်င္းျဖစ္သူ ေကာင္းေက်ာ္၊ ဝိုင္းခ်စ္၊ ထက္ထက္တုိ့က အေဖေနရာကေန မိန္းမသြားေတာင္းေပးခဲ့ေၾကာင္း အခုလိုေျပာျပထားပါတယ္။

“သို႕ တမလြန္က သူငယ္ခ်င္း ရွဲဒိုး… ဒီေန႔ မင္းရဲ႕တစ္ဦးတည္းေသာသားေလး ေကာင္းဇင္ဟိန္းရဲ႕ အခ်ိန္တန္အရြယ္ေရာက္လို႔ သူခ်စ္တဲ႔ ခ်စ္သူေလးကို ေစ့စပ္ ေတာင္းရမ္းတဲ႔ ပြဲေလးကို မင္းကိုသိပ္ခ်စ္ခဲ႔ႀကတဲ႔ သူငယ္ခ်င္း ရဲေဘာ္ရဲဘက္ေတြ မင္းကိုယ္စား မင္းသားေလး မ်က္နွာမငယ္ရေအာင္ သြားျပီး ေစ့စပ္ ေတာင္းရမ္းေပးခဲ႔တယ္ေနာ္ သူငယ္ခ်င္း”

“တို႔အထဲက အကိုအႀကီးဆုံးျဖစ္တဲ႔ ကိုျငိမ္းခ်မ္းကေတာ့ ရုတ္တရက္ ေဖ်ာ္ေျဖေရးေပၚလာလို႔ မလိုက္ပါနိုင္ခဲ႔ဘူးေပါ့ကြာ။ မင္းရဲ႕ကိုယ္စား မင္းရဲ႕ သား၊ ငါတို႔ရဲ႕ သား ေကာင္းဇင္းဟိန္းအတြက္ ငါတို႔ တတ္နိုင္တာေလးေတြ လုပ္ေပးတယ္ေနာ္ သူငယ္ခ်င္း။ ဒီပြဲမွာ ငါတို႔ မဂၤလာစကားေျပာေနေတာ့ မင္းသိပ္ခ်စ္တဲ႔ မင္းမိန္းမ သက္မြန္ညြန္႕ ေခၚ မလွလွညႊန္႔ မင္းကိုသတိရျပီး မ်က္ရည္ေတြ က်ေနတာျမင္ရေတာ့ ငါတို႔ပါ မ်က္ရည္မက်မိေအာင္ ထိန္းခဲ႔ရတယ္ သူငယ္ခ်င္းရယ္။”

” 10-11-2019 ေန႔မွာ မင္းရဲ႕သား မဂၤလာေဆာင္မွာေနာ္ သူငယ္ခ်င္း။ အဲ႔ဒီရက္မွာ ပြဲေတြ အသီးသီးရွိေနႀကလို႔ ငါတို႔ လာနိုင္ခ်င္မွ လာနိုင္မယ္သူငယ္ခ်င္းေရ။ မင္းကို ႀကိဳျပီးေတာင္းပန္ပါတယ္။ သူငယ္ခ်င္းရယ္။ အခုလဲ ငါတို႔လုပ္ေပးနိုင္တာေလးကို မရွိေတာ့တဲ႔သူငယ္ခ်င္းအတြက္ လုပ္ေပးလိုက္တယ္ေနာ္သူငယ္ခ်င္း။”

” ေရႊညီကိုအဖြဲ႕ရဲ႕ ေရႊညီအမ ေတြပါ ပါဝင္ေပးခဲ႔တယ္ေနာ္ သူငယ္ခ်င္း။ တမလြန္က အခ်စ္ဆုံး သူငယ္ခ်င္း ရွဲဒို (ခ)လွျမင့္ (ခ)သာေက်ာ္(ခ)ေက်ာ္ဆန္း ေက်နပ္ ဝမ္းေျမာက္ပါသူငယ္ခ်င္းေရ…” ဆိုျပီး လူရႊင္ေတာ္ၾကီး ေကာင္းေက်ာ္က မွ်ေဝထားပါတယ္။

ေကာင္းေက်ာ္၊ ဝုိင္းခ်စ္၊ ထက္ထက္နဲ့ ျငိမ္းခ်မ္းတို့ကေတာ့ ကြယ္လြန္သြားတဲံ ရွဲဒိုးအတြက္ သူငယ္ခ်င္းေကာင္း၊ လုပ္ေဖာ္ကိုင္ဖက္ေကာင္း ပီသပါေပတယ္။ ရွဲဒိုးလည္း တမလြန္ကေန ဝမ္းေျမာက္ေနမွာ အေသအခ်ာပါပဲေနာ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို မိုမုိေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။

Rowena

Source: U Kaung Kyaw’s fb

Credit:Momlay

 

Unicodeဖြင့်ဖတ်ရန်

 

ရှဲဒိုးရဲ့သားလေး မျက်နှာမငယ်ရအောင် မိဘနေရာကနေ မိန်းမတောင်းရမ်းပေးခဲ့တဲ့ ကောင်းကျော်တို့ သူငယ်ချင်းတစ်စု

 

တစ်ချိန်က ပရိသတ်တွေ ကြိုက်နှစ်သက် အားပေးခဲ့ရတဲ့ “ရွှေညီကို” အငြိမ့်အဖွဲ့ကို မှတ်မိကြဦးမယ် ထင်ပါတယ်။ “ရွှေညီကို” အငြိမ့်အဖွဲ့ဟာ ငြိမ်းချမ်း၊ ဝိုင်းချစ်၊ ကောင်းကျော်၊ ရှဲဒိုး နဲ့ ထက်ထက် တို့နဲ့ ဖွဲ့စည်းထားခဲ့ပြီး အတိုင်အဖောက်ညီညီနဲ့ ပရိသတ်တွေအတွက် ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဆိုလည်း မမှားပါဘူး။ ” ရွှေညီကို” အဖွဲ့ဟာ အခုဆိုရင် အဖွဲ့သားတွေကိုယ်တိုင် ကိုယ့်လုပ်ငန်းတွေနဲ့ကိုယ် တစ်သီးတစ်ခြားဖြစ်နေပြီပဲဖြစ်ပြီး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ရှဲဒိုးကတော့ ရွှေညီကိုအဖွဲ့ကိုရော ပရိသတ်တွေကိုရော အပြီးတိုင် နှုတ်ဆက်သွားတာ နှစ်ပေါင်း အတော်ကြာပြီပဲဖြစ်ပါတယ်။

ရှဲဒိုးကွယ်လွန်သွားခဲ့ပေမယ့် “ရွှေညီကို” အဖွဲ့သားတွေကတော့ ဒီနေ့ဒီအချိန်ထိ ချစ်ခင်စွာ စည်းလုံးနေကြဆဲ ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၃) ရက်နေ့မှာတော့ ရှဲဒိုးရဲ့ သားလေးဟာ အရွယ်ရောက်ပြီး အိမ်ထောင်ပြုဖို့အတွက် သူငယ်ချင်းဖြစ်သူ ကောင်းကျော်၊ ဝိုင်းချစ်၊ ထက်ထက်တို့က အဖေနေရာကနေ မိန်းမသွားတောင်းပေးခဲ့ကြောင်း အခုလိုပြောပြထားပါတယ်။

“သို့ တမလွန်က သူငယ်ချင်း ရှဲဒိုး… ဒီနေ့ မင်းရဲ့တစ်ဦးတည်းသောသားလေး ကောင်းဇင်ဟိန်းရဲ့ အချိန်တန်အရွယ်ရောက်လို့ သူချစ်တဲ့ ချစ်သူလေးကို စေ့စပ် တောင်းရမ်းတဲ့ ပွဲလေးကို မင်းကိုသိပ်ချစ်ခဲ့ကြတဲ့ သူငယ်ချင်း ရဲဘော်ရဲဘက်တွေ မင်းကိုယ်စား မင်းသားလေး မျက်နှာမငယ်ရအောင် သွားပြီး စေ့စပ် တောင်းရမ်းပေးခဲ့တယ်နော် သူငယ်ချင်း”

“တို့အထဲက အကိုအကြီးဆုံးဖြစ်တဲ့ ကိုငြိမ်းချမ်းကတော့ ရုတ်တရက် ဖျော်ဖြေရေးပေါ်လာလို့ မလိုက်ပါနိုင်ခဲ့ဘူးပေါ့ကွာ။ မင်းရဲ့ကိုယ်စား မင်းရဲ့ သား၊ ငါတို့ရဲ့ သား ကောင်းဇင်းဟိန်းအတွက် ငါတို့ တတ်နိုင်တာလေးတွေ လုပ်ပေးတယ်နော် သူငယ်ချင်း။ ဒီပွဲမှာ ငါတို့ မင်္ဂလာစကားပြောနေတော့ မင်းသိပ်ချစ်တဲ့ မင်းမိန်းမ သက်မွန်ညွန့် ခေါ် မလှလှညွှန့် မင်းကိုသတိရပြီး မျက်ရည်တွေ ကျနေတာမြင်ရတော့ ငါတို့ပါ မျက်ရည်မကျမိအောင် ထိန်းခဲ့ရတယ် သူငယ်ချင်းရယ်။”

” 10-11-2019 နေ့မှာ မင်းရဲ့သား မင်္ဂလာဆောင်မှာနော် သူငယ်ချင်း။ အဲ့ဒီရက်မှာ ပွဲတွေ အသီးသီးရှိနေကြလို့ ငါတို့ လာနိုင်ချင်မှ လာနိုင်မယ်သူငယ်ချင်းရေ။ မင်းကို ကြိုပြီးတောင်းပန်ပါတယ်။ သူငယ်ချင်းရယ်။ အခုလဲ ငါတို့လုပ်ပေးနိုင်တာလေးကို မရှိတော့တဲ့သူငယ်ချင်းအတွက် လုပ်ပေးလိုက်တယ်နော်သူငယ်ချင်း။”

” ရွှေညီကိုအဖွဲ့ရဲ့ ရွှေညီအမ တွေပါ ပါဝင်ပေးခဲ့တယ်နော် သူငယ်ချင်း။ တမလွန်က အချစ်ဆုံး သူငယ်ချင်း ရှဲဒို (ခ)လှမြင့် (ခ)သာကျော်(ခ)ကျော်ဆန်း ကျေနပ် ဝမ်းမြောက်ပါသူငယ်ချင်းရေ…” ဆိုပြီး လူရွှင်တော်ကြီး ကောင်းကျော်က မျှဝေထားပါတယ်။

ကောင်းကျော်၊ ဝိုင်းချစ်၊ ထက်ထက်နဲ့ ငြိမ်းချမ်းတို့ကတော့ ကွယ်လွန်သွားတဲံ ရှဲဒိုးအတွက် သူငယ်ချင်းကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်း ပီသပါပေတယ်။ ရှဲဒိုးလည်း တမလွန်ကနေ ဝမ်းမြောက်နေမှာ အသေအချာပါပဲနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Source: U Kaung Kyaw’s fb

Credit:Momlay