Zawgyiဖြင့်ဖတ်ရန်

 






Rowena


Credit:Momlay

 

Unicodeဖြင့်ဖတ်ရန်

 

ဦးထွန်းလွင်ရဲ့ ရုပ်အလောင်းအား နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့တဲ့ ကျော်သူရဲ့ နာရေးကူညီမှုအသင်း

 

မနေ့က နိုဝင်ဘာလ (၄) ရက်နေ့မှာတော့ ပြည်သူတစ်ရပ်လုံးအတွက် ဝမ်းနည်းကြေကွဲစရာအဖြစ် ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ မိုးလေဝသ သတင်းတွေ ပြန်ကြား၊ ကြေငြာပေးခဲ့တဲ့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်ကြီး ဦးထွန်းလွင် ကွယ်လွန်ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး ဒေါက်တာ ဦးထွန်းလွင်က နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်း ၆ နာရီ ၅၇ မိနစ် မှာ ရန်ကုန်မြို့ရှိ ဂရမ်း(ဒ်) ဟံသာ ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဘဝတစ်ပါးသို့ ကူးပြောင်းသွားတာ ဖြစ်ပါတယ်။

ထိုနေ့ ညပိုင်းမှာပဲ ကျော်သူရဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဦးထွန်းလွင်ရဲ့ ရုပ်အလောင်းအား ဂရမ်း(ဒ်)ဟံသာ ဆေးရုံမှတဆင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဆရာကြီး ဒေါက်တာ ထွန်းလွင်၏ ရုပ်အလောင်းအား နေအိမ်တွင် ထားရှိစေရန် နာရေးကူညီမှုအသင်း (ရန်ကုန်)မှ Cold Box ဖြင့် ကူညီပေးထားတယ်လို့လည်း သိရှိရပါတယ်။

ဒေါက်တာထွန်းလွင်၏ ဈာပန အခမ်းအနားအား (၆.၁၁.၂၀၁၉) ညနေ (၄း၀၀)နာရီတွင် ‌ရေ‌ဝေးသုဿာန်၌ ကျင်းပ ပြုလုပ်မှာပဲ ဖြစ်ပါသည်။ ဆရာကြီး ဒေါက်တာဦးထွန်းလွင်တစ်ယောက် ကောင်းရာဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ မိုမိုလေးမှ ဆုတောင်းပေးလိုက်ပါတယ်။

Rowena

Source: နာရေးကူညီမှုအသင်း

Credit:Momlay