Zawgyiျဖင့္ဖတ္ရန္

 

ကြ်န္ေတာ္တုိ႔ေတြဟာ ၾကက္သြန္နီကို ဟင္းခ်က္နည္းမ်ိဳးစံုအတြက္ အသံုးျပဳျပီးေတာ့ စားသံုးေနၾကပါတယ္။ ခ်က္ပံုနဲ့ စားပံုမ်ား မတူညီၾကသလို သူ့ရဲ႔အက်ိဳးေပးအာနိသင္ကလည္း တစ္မ်ိဳးစီ ကြဲျပားၾကပါတယ္။ ယခုတစ္ခါ ေဖာ္ျပေပးမယ့္ နည္းလမ္းေလးကေတာ့ ၾကက္သြန္နီကို အဆီက်ေဆးအျဖစ္ အစိမ္းသုပ္စားလုိ႔ရတဲ့ ဝိတ္ခ်နည္းတစ္ခုပဲ ျဖစ္ပါတယ္။ ထုိနည္းလမ္းက ဘယ္လုိလုပ္ရမလဲဆုိတာကုိ ကြ်န္ေတာ္တုိ႔ေတြ အခုပဲ ၾကည့္လုိက္ရေအာင္။

ျပဳလုပ္ပုံနည္းလမ္း

အရင္ဦးဆုံး ၾကက္သြန္နီကို ပါးပါးလွီး၍ ပန္းကန္ထဲသုိ႔ ထည့္ပါ။ ထုိ႔ေနာက္ သံပုရာသီး တစ္လုံး ညွစ္ထည့္ပါ။ အနံ႔ျပင္း၍ စပ္ေနေသာ ၾကက္သြန္နီကို သံပုရာသီးအခ်ဥ္ ညွစ္ထည့္လိုက္ပါက အခ်ိဳဓါတ္သို့ လ်င္ျမန္စြာ ေျပာင္းလဲသြားေစပါတယ္။ ဒီအထဲကုိ သခြါးသီး ထည့္လိုပါက (အနည္းငယ္မွ်) ပါးပါးလွီး၍ ထည့္နုိင္ပါတယ္။ တကယ္လုိ႔ သင္က အစပ္ၾကိဳက္ပါက ငရုတ္သီးစိမ္း အနည္းငယ္ပါ ထပ္ျပီးေတာ့ လွီးထည့္နိုင္ပါတယ္။

ျပီးရင္ ဆားအနည္းငယ္မွ် ထည့္ေပးပါ။ ဆားမပါလွ်င္ အရသာေပါ့မည္။ ဆားမ်ားလြန္းရင္လည္း အငံေၾကာင့္ လူကုိ ေသြးတိုးေစပါတယ္။ ဒါအျပင္ ၾကက္သြန္မိတ္ (သို့မဟုတ္) ကုလားနံနံပင္တုိ့ကိုလည္း အနံ့ၾကိဳက္္တတ္လွ်င္ အနည္းငယ္မွ် ထည့္ေပးႏိုင္ပါတယ္။ ၄င္းတို့ကို နယ္ျပီးလွ်င္ေတာ့ ၾကက္သြန္ခ်ဥ္သုပ္ကေလး စားလို့ရပါျပီ။ ဒီအတိုင္း မစားခ်င္လွ်င္လည္း ထမင္း၊ ၾကာဇံေၾကာ္၊ ပဲပလာတာ၊ ေခါက္ဆြဲေၾကာ္ စသည့္ သူႏွင့္လိုက္ဖက္မည့္ အစားအစာမ်ားႏွင့္ တြဲဖက္၍ မၾကာခဏ စားသံုးေပးႏိုင္ပါတယ္။

ပါးစပ္မနံေအာင္

ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီတုိ့ကို အစိမ္းစားျပီး ပါးစပ္နံမွာ စိုးရိမ္ေနသူမ်ားအတြက္သဘာ၀နည္းလမ္းေကာင္းေလးတစ္လက္ကို ညြန္ေပးလိုက္ပါမယ္။ ၾကက္သြန္အနံ့ကိုႏိုင္တာ ေျမပဲျဖစ္ပါတယ္။ ၾကက္သြန္ နီ၊ ျဖဴ တို့ကို စားျပီးလွ်င္ ေျမပဲဆန္ ၃ ၊ ၄ စိကိုသာ ၀ါးစားပါ။ တစ္မိနစ္အတြင္း အနံ့မ်ားကို ေျမပဲက စုတ္ယူသြားပါလိမ့္မယ္။ ျပီးရင္ အဖန္ရည္ (လက္ဖက္ရည္ၾကမ္း) ျဖင့္ ပလုတ္ ေျပာင္းေအာင္ က်င္းေပးပါ။ ျပီးရင္ ႏြားႏို့တစ္ငံုျဖင့္ ပလုပ္ ထပ္က်င္းေပးပါ။

အရသာရွိ၍ စားေကာင္းေသာ ၾကက္သြန္နီအစိမ္းသုပ္ကို မၾကာခဏ စားသံုးျခင္းျဖင့္ ခႏၶာကိုယ္တြင္ ပိုလွ်ံေနေသာ အဆီမ်ားကို ထင္ထင္ရွားရွား သိသိသာသာ ေလွ်ာ့ခ်ေပးျပီး သြယ္လ်က်စ္လစ္တဲ့ ကိုယ္္ခႏၶာအလွကို အျမဲတမ္း ပုိင္ဆုိင္ႏုိင္မွာပဲ ျဖစ္ပါတယ္။

Ref(ေစာရအုိင္- ၾကက္သြန္နီနဲ႔ အလွအပ ေဆာင္းပါးမွ)

Credit:ရွမ္းပုတ္(မုိမုိေလး)

 

Unicodeဖြင့်ဖတ်ရန်

 

အဆီကြောင့် ဝနေတဲ့သူတွေအတွက် ခဏလေးအတွင်း အဆီကျသွားစေတဲ့ ကြက်သွန်နီသုပ်

 

ကျွန်တော်တို့တွေဟာ ကြက်သွန်နီကို ဟင်းချက်နည်းမျိုးစုံအတွက် အသုံးပြုပြီးတော့ စားသုံးနေကြပါတယ်။ ချက်ပုံနဲ့ စားပုံများ မတူညီကြသလို သူ့ရဲ့အကျိုးပေးအာနိသင်ကလည်း တစ်မျိုးစီ ကွဲပြားကြပါတယ်။ ယခုတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ ကြက်သွန်နီကို အဆီကျဆေးအဖြစ် အစိမ်းသုပ်စားလို့ရတဲ့ ဝိတ်ချနည်းတစ်ခုပဲ ဖြစ်ပါတယ်။ ထိုနည်းလမ်းက ဘယ်လိုလုပ်ရမလဲဆိုတာကို ကျွန်တော်တို့တွေ အခုပဲ ကြည့်လိုက်ရအောင်။

ပြုလုပ်ပုံနည်းလမ်း

အရင်ဦးဆုံး ကြက်သွန်နီကို ပါးပါးလှီး၍ ပန်းကန်ထဲသို့ ထည့်ပါ။ ထို့နောက် သံပုရာသီး တစ်လုံး ညှစ်ထည့်ပါ။ အနံ့ပြင်း၍ စပ်နေသော ကြက်သွန်နီကို သံပုရာသီးအချဉ် ညှစ်ထည့်လိုက်ပါက အချိုဓါတ်သို့ လျင်မြန်စွာ ပြောင်းလဲသွားစေပါတယ်။ ဒီအထဲကို သခွါးသီး ထည့်လိုပါက (အနည်းငယ်မျှ) ပါးပါးလှီး၍ ထည့်နိုင်ပါတယ်။ တကယ်လို့ သင်က အစပ်ကြိုက်ပါက ငရုတ်သီးစိမ်း အနည်းငယ်ပါ ထပ်ပြီးတော့ လှီးထည့်နိုင်ပါတယ်။

ပြီးရင် ဆားအနည်းငယ်မျှ ထည့်ပေးပါ။ ဆားမပါလျှင် အရသာပေါ့မည်။ ဆားများလွန်းရင်လည်း အငံကြောင့် လူကို သွေးတိုးစေပါတယ်။ ဒါအပြင် ကြက်သွန်မိတ် (သို့မဟုတ်) ကုလားနံနံပင်တို့ကိုလည်း အနံ့ကြိုက်တတ်လျှင် အနည်းငယ်မျှ ထည့်ပေးနိုင်ပါတယ်။ ၎င်းတို့ကို နယ်ပြီးလျှင်တော့ ကြက်သွန်ချဉ်သုပ်ကလေး စားလို့ရပါပြီ။ ဒီအတိုင်း မစားချင်လျှင်လည်း ထမင်း၊ ကြာဇံကြော်၊ ပဲပလာတာ၊ ခေါက်ဆွဲကြော် စသည့် သူနှင့်လိုက်ဖက်မည့် အစားအစာများနှင့် တွဲဖက်၍ မကြာခဏ စားသုံးပေးနိုင်ပါတယ်။

ပါးစပ်မနံအောင်

ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို အစိမ်းစားပြီး ပါးစပ်နံမှာ စိုးရိမ်နေသူများအတွက်သဘာဝနည်းလမ်းကောင်းလေးတစ်လက်ကို ညွန်ပေးလိုက်ပါမယ်။ ကြက်သွန်အနံ့ကိုနိုင်တာ မြေပဲဖြစ်ပါတယ်။ ကြက်သွန် နီ၊ ဖြူ တို့ကို စားပြီးလျှင် မြေပဲဆန် ၃ ၊ ၄ စိကိုသာ ဝါးစားပါ။ တစ်မိနစ်အတွင်း အနံ့များကို မြေပဲက စုတ်ယူသွားပါလိမ့်မယ်။ ပြီးရင် အဖန်ရည် (လက်ဖက်ရည်ကြမ်း) ဖြင့် ပလုတ် ပြောင်းအောင် ကျင်းပေးပါ။ ပြီးရင် နွားနို့တစ်ငုံဖြင့် ပလုပ် ထပ်ကျင်းပေးပါ။

အရသာရှိ၍ စားကောင်းသော ကြက်သွန်နီအစိမ်းသုပ်ကို မကြာခဏ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်တွင် ပိုလျှံနေသော အဆီများကို ထင်ထင်ရှားရှား သိသိသာသာ လျှော့ချပေးပြီး သွယ်လျကျစ်လစ်တဲ့ ကိုယ်ခန္ဓာအလှကို အမြဲတမ်း ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

Ref(စောရအိုင်- ကြက်သွန်နီနဲ့ အလှအပ ဆောင်းပါးမှ)

Credit:ရှမ်းပုတ်(မိုမိုလေး)