Zawgyiျဖင့္ဖတ္ရန္

 
လူ႐ႊင္ေတာ္ႀကီး ဦးမိုးဒီ ကြယ္ လြန္သြားၿပီဆိုတဲ့သတင္းက အြန္ လိုင္းမွာ ပ်ံ႕ႏွံ႔သြားခဲ့ပါေသးတယ္။ ဒီသတင္းနဲ႔ပတ္သက္လို႔ စိုးရိမ္တ ႀကီးျဖစ္ခဲ့ၾကတဲ့ ပရိသတ္ေတြအေန နဲ႔ကလည္း ဦးမိုးဒီဆီကို ဖုန္းေတြ ဆက္ၿပီး သတင္းလွမ္းေမးၾကတယ္ လို႔ သိရပါတယ္။ ဖုန္းဆက္လာၾက တဲ့ ပရိသတ္ေတြကို ဦးမိုးဒီအေနနဲ႔ သူဘာမွမျဖစ္ေၾကာင္းကို ရွင္းျပရင္း သူ႔ကိုစိုးရိမ္တႀကီးျဖစ္ၾကတဲ့ ပရိ သတ္ေတြကို ေက်းဇူးတင္မိပါတယ္လို႔ ဆိုပါတယ္။

”ဒီသတင္းတင္တဲ့လူက ခ်စ္လို႔ တင္တာလား၊ မုန္းလို႔တင္တာလား မသိပါဘူး။ ကြၽန္ေတာ္တို႔ကလည္း သည္းခံရမယ္ဆိုတဲ့ဗီဇကပါလာတယ္ ေလ။ ကြၽန္ေတာ္တို႔ အလုပ္ကလည္း သည္းခံရမွာေလ။ ဆဲလည္းသည္းခံ၊ ဆူလည္းသည္းခံေပါ့” လို႔ ဦးမိုးဒီက ဒီလိုသတင္းေတြ ထြက္ေပၚလာျခင္း အေပၚ ေျပာျပပါတယ္။ လက္ရွိမွာ ေတာ့ဦးမိုးဒီက ေလႁပြန္ပိတ္တဲ့ေရာဂါကိုခံစားေနရတယ္လို႔ သိရပါတယ္။

”ဆရာဝန္ဆုံးျဖတ္ခ်က္နဲ႔ လုပ္ ရမွာက စက္ဝယ္ရမွာတဲ့။ စက္က သိန္း၂ဝေလာက္ရွိတယ္ေျပာတယ္။ဝယ္ဖို႔ႀကိဳးစားရမွာေပါ့ဗ်ာ။ ဝတဲ့လူ ေတြက အဆီေတြ ေလႁပြန္ကိုသြား ပိတ္ေနေတာ့ အိပ္ေနရင္းနဲ႔ အိပ္ ေပ်ာ္သြားၿပီးရင္ လန႔္ႏိုးရင္ႏိုးတာပဲ။ ကြၽန္ေတာ္ကေတာ့ခ ဏခဏလန႔္ႏိုး တယ္။ အသားေတြ တဆတ္ဆတ္တုန္ ၿပီးေတာ့ ကတုန္ကယင္ေတြ ျဖစ္လာ တယ္။ အသက္ေတာ့ ရွဴလို႔ရတယ္။ ကြၽန္ေတာ္က အစကအဲဒါကို ႏွလုံး ျဖစ္တယ္လို႔မွတ္တာ။ ႏွလုံးက ေကာင္းတယ္တဲ့။ ဆရာဝန္ကေသခ်ာ စမ္းသပ္ေတာ့ အဲဒါသြားေတြ႕တယ္။ ဒီမွာပဲစက္တပ္လို႔ရတယ္ေျပာပါ တယ္” လို႔ က်န္းမာေရးနဲ႔ပတ္သက္လို႔ ဦးမိုးဒီကေျပာျပပါတယ္။ သူက႐ုပ္ ရွင္ဇာတ္ကားႀကီးႏွစ္ကား ႐ိုက္ကူးဖို႔ လက္ခံထားေၾကာင္းသိရပါတယ္။

Credit-Popular Journal

 

Unicodeဖြင့်ဖတ်ရန်

 

လေပြွန်မှာ စက်တပ်ရမယ့် ဦးမိုးဒီရဲ့ ကျန်းမာရေး အခြေအနေ

 

လူရွှင်တော်ကြီး ဦးမိုးဒီ ကွယ် လွန်သွားပြီဆိုတဲ့သတင်းက အွန် လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါသေးတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ စိုးရိမ်တ ကြီးဖြစ်ခဲ့ကြတဲ့ ပရိသတ်တွေအနေ နဲ့ကလည်း ဦးမိုးဒီဆီကို ဖုန်းတွေ ဆက်ပြီး သတင်းလှမ်းမေးကြတယ် လို့ သိရပါတယ်။ ဖုန်းဆက်လာကြ တဲ့ ပရိသတ်တွေကို ဦးမိုးဒီအနေနဲ့ သူဘာမှမဖြစ်ကြောင်းကို ရှင်းပြရင်း သူ့ကိုစိုးရိမ်တကြီးဖြစ်ကြတဲ့ ပရိ သတ်တွေကို ကျေးဇူးတင်မိပါတယ်လို့ ဆိုပါတယ်။

”ဒီသတင်းတင်တဲ့လူက ချစ်လို့ တင်တာလား၊ မုန်းလို့တင်တာလား မသိပါဘူး။ ကျွန်တော်တို့ကလည်း သည်းခံရမယ်ဆိုတဲ့ဗီဇကပါလာတယ် လေ။ ကျွန်တော်တို့ အလုပ်ကလည်း သည်းခံရမှာလေ။ ဆဲလည်းသည်းခံ၊ ဆူလည်းသည်းခံပေါ့” လို့ ဦးမိုးဒီက ဒီလိုသတင်းတွေ ထွက်ပေါ်လာခြင်း အပေါ် ပြောပြပါတယ်။ လက်ရှိမှာ တော့ဦးမိုးဒီက လေပြွန်ပိတ်တဲ့ရောဂါကိုခံစားနေရတယ်လို့ သိရပါတယ်။

”ဆရာဝန်ဆုံးဖြတ်ချက်နဲ့ လုပ် ရမှာက စက်ဝယ်ရမှာတဲ့။ စက်က သိန်း၂ဝလောက်ရှိတယ်ပြောတယ်။ဝယ်ဖို့ကြိုးစားရမှာပေါ့ဗျာ။ ဝတဲ့လူ တွေက အဆီတွေ လေပြွန်ကိုသွား ပိတ်နေတော့ အိပ်နေရင်းနဲ့ အိပ် ပျော်သွားပြီးရင် လန့်နိုးရင်နိုးတာပဲ။ ကျွန်တော်ကတော့ခ ဏခဏလန့်နိုး တယ်။ အသားတွေ တဆတ်ဆတ်တုန် ပြီးတော့ ကတုန်ကယင်တွေ ဖြစ်လာ တယ်။ အသက်တော့ ရှူလို့ရတယ်။ ကျွန်တော်က အစကအဲဒါကို နှလုံး ဖြစ်တယ်လို့မှတ်တာ။ နှလုံးက ကောင်းတယ်တဲ့။ ဆရာဝန်ကသေချာ စမ်းသပ်တော့ အဲဒါသွားတွေ့တယ်။ ဒီမှာပဲစက်တပ်လို့ရတယ်ပြောပါ တယ်” လို့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဦးမိုးဒီကပြောပြပါတယ်။ သူကရုပ် ရှင်ဇာတ်ကားကြီးနှစ်ကား ရိုက်ကူးဖို့ လက်ခံထားကြောင်းသိရပါတယ်။

Credit-Popular Journal