Zawgyiျဖင့္ဖတ္ရန္

 

ယေန႔တြင္
နာမည္ႀကီးေနေသာ
တကၠသိုလ္ရိပ္သာလမ္းသစ္ ျခံအမွတ္ ၅၄ မွာ
ကြ်န္မ၏ အဘြား ေဒၚေအးခင္ ကိုယ္တိုင္
ေဆာက္လုပ္ခဲ့ျခင္းျဖစ္ပါတယ္.

အဘိုးဦးကံျမင့္

အင္းယား ကန္စပ္မွာ
ေျမ ၂ ဧကကို တန္ဖိုး ၈၀၀၀၀ က်ပ္ ႏွင့္ဝယ္ယူၿပီး
England မွ architect ကို ဒီဇိုင္းအပ္ႏွံၿပီး
ေဆာက္လုပ္ခဲ့ရာ က်ပ္ေငြ ၁၅၀၀၀၀
ခန္႔ကုန္ၾကခဲ့ပါတယ္.

အဖြား ေဒၚအုန္းၾကည္

အိမ္ပိုင္ရွင္
အဘြား ေဒၚေအးခင္ (ရန္ကုန္ ဇာတိ) နဲ႔
အဘိုးဦးကံျမင့္ ( သံုးခြ ဇာတိ) တို႔
မွာ ကြ်န္မ အဖြား ေဒၚအုန္းၾကည္အပါအဝင္
သားသမီး ၆ ဦးထြန္းကားခဲ့ပါတယ္

အဖြား ျခံအမွတ္ ၅၄ တြင္ အိမ္ေနာက္ခံႏွင့္

အဘိုးဦးကံျမင့္ဟာ ငယ္ရြယ္စဥ္မွာပဲ ေရာဂါနဲ႔ဆံုးပါးသြားရလို႔ သားသမီးမ်ားနဲ႔ က်န္ခဲ့တဲ့ အဘြားကို
အဘိုးရဲ႕ ညီအရင္းျဖစ္သူ
ဦး သိန္းေမာင္နဲ႔ လက္ထပ္ေစခဲ့ပါတယ္.
ဦး သိန္းေမာင္နဲ႔ သားတစ္ဦး ထပ္မံထြန္းကားခဲ့ပါတယ္.

အဖိုးနဲ႔ အဖြား ျခံအမွတ္ ၅၄ တြင္ အင္ယားကန္ ေနာက္ခံႏွင့္

စစ္ႀကီးၿပီးသြားခ်ိန္မွာ
ဦးသိန္းေမာင္ဟာ စစ္တြင္းလက္က်န္ပစၥည္းမ်ားေလလံတင္ရာမွာ စီးပြားေရးလုပ္လို သျဖင့္
အဘြား ေဒၚေအးခင္ႏွင့္ေျပာဆိုၾကရာ
သေတာတူညီမႈမရသျဖင့္ အိမ္ဂရံကို ေပါင္၍ လုပ္ကိုင္ရန္ႀကိဳးစားခဲ့ပါသည္.
ေဒၚေအးခင္ မက်န္းမာေနခိုက္ ဘဏ္တြင္လူစားထိုး လက္မွတ္ထိုး၍ ေပါင္ခဲ့ပါသည္.
ထိုအေတာ အတြင္းမွာပဲ
ေဒၚေအးခင္မွာ အသက္ ၅၀ မျပည့္မွီတြင္ပဲ
နာမက်န္းျဖစ္ကာဆံုးပါးခဲ့ပါသည္.
အဘိုးေရာ အဘြားမွာ ၎
တို႔ကိုယ္တိုင္ေဆာက္ခဲ့ၿပီး
ျမတ္ႏိုးလွေသာ အိမ္ႀကီးတြင္ပင္
သက္တမ္းေစ့မေနရပဲ ေခါင္းခ်ခဲ့ၾကသည္.

ထိုအခ်ိန္တြင္ ဗိုလ္ခ်ဳပ္လုပ္ၾကံခံရၿပီးေနာက္
က်န္ရစ္သူ ေဒၚခင္ၾကည္အား ႏိုင္ငံေတာ္မွ
ေစာင့္ေရွာက္ရန္ေမးျမန္းရာ
ကန္စပ္ႏွင့္ အိမ္အမ်ိဳးအစားကို ႏွစ္ၿခိဳက္ေၾကာင္း
ေျပာၾကားခဲ့ပါသည္.
ထိုအခ်ိန္က ရန္ကုန္တြင္ အင္းယားကံစပ္၌ေဆာက္ထားေသာ အိမ္ သံုးလံုးတိတိသာရွိပါသည္.
တစ္ခုမွာ သတင္းစာ သမားတစ္ဦး၏အိမ္
တစ္ခု မွာ မ်က္ႏွာျဖဴစာသင္ေက်ာင္းဖြင့္ထားေသာအိမ္ႏွင့္ တစ္ခုမွာ ကြ်န္မတို႔ အဘြား၏အိမ္ျဖစ္ပါသည္.
တခ်ိန္ထဲ မွာပဲ တဖက္တြင္
ဂရံေပါင္ထားေၾကာင္းသိရွိ၍
ေငြေၾကးအလံုအေလာက္ႏွင့္ သတ္မွတ္ခ်ိန္
တြင္းေရြးရန္ႀကိဳးစားရာ
( ေဒၚခင္ၾကည္၏ ပေယာဂ တစ္စံုတရာမပါပါ)
ေရြးခြင့္မေပးပဲ ဦးႏုမွ တဆင့္
ေဒၚခင္ၾကည္ကို ေပးခဲ့သည္ဟုသာေျပာလိုပါသည္

ကန္စပ္

ေဒၚေအးခင္၏သမီးရင္း
ကြ်န္မ၏အဖြား ကြ်န္မ အဖြား ေဒၚအုန္းၾကည္ မွာ အဖိုး ဦးက်င္ေသာင္းနဲ႔ လက္ဆက္ခဲ့ၿပီး
သားသမီး ၇ ေယာက္ အဖတ္တင္ခဲ့ပါတယ္.
ေဒးဒရဲသား အဖိုးႏွင့္အဖြား၏
ပထမသားသမီး ၅ ေယာက္ေျမာက္ထိ
ျခံအမွတ္ ၅၄ မွာ ပဲေမြးဖြားေနထိုင္ႀကီးျပင္းခဲ့ရၿပီး
ထို ၅ ဦးထဲက ၄ ဦးမွာ
ယခုထိ သက္ရွိထင္ရွားရွိေနပါတယ္. တစ္ဦးကေတာ့ ကြယ္လြန္သြားပါၿပီ.
အငယ္ဆံုး ႏွစ္ေယာက္ျဖစ္တဲ့
ကြ်န္မ အေမနဲ႔ အေဒၚကိုေတာ့ အမွတ္ ၅၄
ကေနေရႊ႕ေျပာင္းခဲ့ရၿပီးမွ ဆရာစံလမ္းက
အိမ္အသစ္တြင္ေမြးဖြားခဲ့ပါသည္

ဤ အေၾကာင္းမ်ားေဖာ္ျပရာတြင္

*သမိုင္းေရးရာတြင္ဖယ္ခ်န္ခဲ့၍မရေသာ
အေမြအႏွစ္တစ္ခုအေၾကာင္းပိုမိုသိရွိေစခ်င္ျခင္း

*မိမိ အဘိုး အဘြား မ်ားေဆာက္ခဲ့၍ ဂုဏ္ယူမိျခင္း

*ထိုအိမ္ႀကီးသည္ ႏိ္ုင္ငံတြင္ အလြန္အေရးပါေသာ အခန္းက႑ မ်ားစြာတြင္
အေထာက္အပံ့ျဖစ္ခဲ့ျခင္းေၾကာင့္ မိမိ
ဘဝတြင္ အမွတ္တရျဖစ္ရျခင္းတို႔သာ စိတ္ထဲရွိပါသည္.

မည္သည့္ လူမႈေရး စီးပြားေရး ႏိုင္ငံေရး ေက်ာ္ၾကားေရး
ပါဝင္ပတ္သတ္လိုမႈ တစိုးတစဥ္းမွ် မရွိပါေၾကာင္း ျပတ္သားစြာအသိေပးအပ္ပါတယ္ရွင္.

Credit – Wutyi Phyu

 

Unicodeဖြင့်ဖတ်ရန်

 

ယနေ့တွင် နာမည်ကြီးနေသော တက္ကသိုလ်ရိပ်သာလမ်းသစ် ခြံအမှတ် ၅၄၏ သမိုင်း

 

ယနေ့တွင်
နာမည်ကြီးနေသော
တက္ကသိုလ်ရိပ်သာလမ်းသစ် ခြံအမှတ် ၅၄ မှာ
ကျွန်မ၏ အဘွား ဒေါ်အေးခင် ကိုယ်တိုင်
ဆောက်လုပ်ခဲ့ခြင်းဖြစ်ပါတယ်.

အဘိုးဦးကံမြင့်

အင်းယား ကန်စပ်မှာ
မြေ ၂ ဧကကို တန်ဖိုး ၈၀၀၀၀ ကျပ် နှင့်ဝယ်ယူပြီး
England မှ architect ကို ဒီဇိုင်းအပ်နှံပြီး
ဆောက်လုပ်ခဲ့ရာ ကျပ်ငွေ ၁၅၀၀၀၀
ခန့်ကုန်ကြခဲ့ပါတယ်.

အဖွား ဒေါ်အုန်းကြည်

အိမ်ပိုင်ရှင်
အဘွား ဒေါ်အေးခင် (ရန်ကုန် ဇာတိ) နဲ့
အဘိုးဦးကံမြင့် ( သုံးခွ ဇာတိ) တို့
မှာ ကျွန်မ အဖွား ဒေါ်အုန်းကြည်အပါအဝင်
သားသမီး ၆ ဦးထွန်းကားခဲ့ပါတယ်

အဖွား ခြံအမှတ် ၅၄ တွင် အိမ်နောက်ခံနှင့်

အဘိုးဦးကံမြင့်ဟာ ငယ်ရွယ်စဉ်မှာပဲ ရောဂါနဲ့ဆုံးပါးသွားရလို့ သားသမီးများနဲ့ ကျန်ခဲ့တဲ့ အဘွားကို
အဘိုးရဲ့ ညီအရင်းဖြစ်သူ
ဦး သိန်းမောင်နဲ့ လက်ထပ်စေခဲ့ပါတယ်.
ဦး သိန်းမောင်နဲ့ သားတစ်ဦး ထပ်မံထွန်းကားခဲ့ပါတယ်.

အဖိုးနဲ့ အဖွား ခြံအမှတ် ၅၄ တွင် အင်ယားကန် နောက်ခံနှင့်

စစ်ကြီးပြီးသွားချိန်မှာ
ဦးသိန်းမောင်ဟာ စစ်တွင်းလက်ကျန်ပစ္စည်းများလေလံတင်ရာမှာ စီးပွားရေးလုပ်လို သဖြင့်
အဘွား ဒေါ်အေးခင်နှင့်ပြောဆိုကြရာ
သတောတူညီမှုမရသဖြင့် အိမ်ဂရံကို ပေါင်၍ လုပ်ကိုင်ရန်ကြိုးစားခဲ့ပါသည်.
ဒေါ်အေးခင် မကျန်းမာနေခိုက် ဘဏ်တွင်လူစားထိုး လက်မှတ်ထိုး၍ ပေါင်ခဲ့ပါသည်.
ထိုအတော အတွင်းမှာပဲ
ဒေါ်အေးခင်မှာ အသက် ၅၀ မပြည့်မှီတွင်ပဲ
နာမကျန်းဖြစ်ကာဆုံးပါးခဲ့ပါသည်.
အဘိုးရော အဘွားမှာ ၎င်း
တို့ကိုယ်တိုင်ဆောက်ခဲ့ပြီး
မြတ်နိုးလှသော အိမ်ကြီးတွင်ပင်
သက်တမ်းစေ့မနေရပဲ ခေါင်းချခဲ့ကြသည်.

ထိုအချိန်တွင် ဗိုလ်ချုပ်လုပ်ကြံခံရပြီးနောက်
ကျန်ရစ်သူ ဒေါ်ခင်ကြည်အား နိုင်ငံတော်မှ
စောင့်ရှောက်ရန်မေးမြန်းရာ
ကန်စပ်နှင့် အိမ်အမျိုးအစားကို နှစ်ခြိုက်ကြောင်း
ပြောကြားခဲ့ပါသည်.
ထိုအချိန်က ရန်ကုန်တွင် အင်းယားကံစပ်၌ဆောက်ထားသော အိမ် သုံးလုံးတိတိသာရှိပါသည်.
တစ်ခုမှာ သတင်းစာ သမားတစ်ဦး၏အိမ်
တစ်ခု မှာ မျက်နှာဖြူစာသင်ကျောင်းဖွင့်ထားသောအိမ်နှင့် တစ်ခုမှာ ကျွန်မတို့ အဘွား၏အိမ်ဖြစ်ပါသည်.
တချိန်ထဲ မှာပဲ တဖက်တွင်
ဂရံပေါင်ထားကြောင်းသိရှိ၍
ငွေကြေးအလုံအလောက်နှင့် သတ်မှတ်ချိန်
တွင်းရွေးရန်ကြိုးစားရာ
( ဒေါ်ခင်ကြည်၏ ပယောဂ တစ်စုံတရာမပါပါ)
ရွေးခွင့်မပေးပဲ ဦးနုမှ တဆင့်
ဒေါ်ခင်ကြည်ကို ပေးခဲ့သည်ဟုသာပြောလိုပါသည်

ကန်စပ်

ဒေါ်အေးခင်၏သမီးရင်း
ကျွန်မ၏အဖွား ကျွန်မ အဖွား ဒေါ်အုန်းကြည် မှာ အဖိုး ဦးကျင်သောင်းနဲ့ လက်ဆက်ခဲ့ပြီး
သားသမီး ၇ ယောက် အဖတ်တင်ခဲ့ပါတယ်.
ဒေးဒရဲသား အဖိုးနှင့်အဖွား၏
ပထမသားသမီး ၅ ယောက်မြောက်ထိ
ခြံအမှတ် ၅၄ မှာ ပဲမွေးဖွားနေထိုင်ကြီးပြင်းခဲ့ရပြီး
ထို ၅ ဦးထဲက ၄ ဦးမှာ
ယခုထိ သက်ရှိထင်ရှားရှိနေပါတယ်. တစ်ဦးကတော့ ကွယ်လွန်သွားပါပြီ.
အငယ်ဆုံး နှစ်ယောက်ဖြစ်တဲ့
ကျွန်မ အမေနဲ့ အဒေါ်ကိုတော့ အမှတ် ၅၄
ကနေရွှေ့ပြောင်းခဲ့ရပြီးမှ ဆရာစံလမ်းက
အိမ်အသစ်တွင်မွေးဖွားခဲ့ပါသည်

ဤ အကြောင်းများဖော်ပြရာတွင်

*သမိုင်းရေးရာတွင်ဖယ်ချန်ခဲ့၍မရသော
အမွေအနှစ်တစ်ခုအကြောင်းပိုမိုသိရှိစေချင်ခြင်း

*မိမိ အဘိုး အဘွား များဆောက်ခဲ့၍ ဂုဏ်ယူမိခြင်း

*ထိုအိမ်ကြီးသည် နိုင်ငံတွင် အလွန်အရေးပါသော အခန်းကဏ္ဍ များစွာတွင်
အထောက်အပံ့ဖြစ်ခဲ့ခြင်းကြောင့် မိမိ
ဘဝတွင် အမှတ်တရဖြစ်ရခြင်းတို့သာ စိတ်ထဲရှိပါသည်.

မည်သည့် လူမှုရေး စီးပွားရေး နိုင်ငံရေး ကျော်ကြားရေး
ပါဝင်ပတ်သတ်လိုမှု တစိုးတစဉ်းမျှ မရှိပါကြောင်း ပြတ်သားစွာအသိပေးအပ်ပါတယ်ရှင်.

Credit – Wutyi Phyu