ZawGyiျဖင့္ဖတ္ရန္

 

မႏၲေလးတိုင္းေဒသႀကီး ေတာင္သာၿမိဳ႕နယ္အတြင္းက လက္ပံေတာ (လက္ပေဒါ) ဟု အမည္တြင္သည့္ မထင္မရွား ေက်း႐ြာကေလးတြင္ စတုတၳတန္း သင္ၾကားဖူးသည့္ ေက်ာင္းသူ၊ ေက်ာင္းသားတိုင္း၏ ေက်းဇူးရွင္ ဆရာမႀကီးတစ္ဦးရွိသည္။ ဘြဲ႕ရသူ၊ ဘြဲ႕မရသူ၊ တကၠသိုလ္ဝင္တန္း ေအာင္ျမင္သူ၊ မေအာင္ျမင္သူ အားလုံး အပါအဝင္ မူလတန္းအဆင့္ သင္ယူခဲ့သူတိုင္းအတြက္ ဆရာမႀကီး၏ ေက်းဇူးက မကင္းေပ။ သူ႔ကို အေမ ဆရာမႀကီးဟု လက္ပံေတာ႐ြာ ေဒသခံတို႔က ေခၚဆိုၾကသည္။

စတုတၳတန္း ျမန္မာစာ ျပ႒ာန္းစာအုပ္ကို လွန္လိုက္လွ်င္ ပထမဆုံး ေတြ႕ျမင္ရမည့္ သင္ခန္းစာမွာ “မိတ္ေဆြ သုံးဦး”ဟု အမည္ရသည့္ ညီၫြတ္ျခင္း အက်ိဳးျပ ပုံပမာျဖစ္သည္။ ထိုမိတ္ေဆြ သုံးဦး၏ပိုင္ရွင္က ဆရာမ ေဒၚၫြန႔္တင္။

“စတုတၳတန္း ျမန္မာစာသင္႐ိုး ေျပာင္းမွာမို႔လို႔တဲ့။ မူလတန္းဆရာေလာင္း ဆရာမေလာင္းေတြ တစ္ေယာက္ တစ္ပုဒ္ ေရးလိုက္ပါတဲ့။ အဲလို လာေျပာတာေပါ့ေနာ္။ ေခါင္းစဥ္ မေပးပါဘူး။ ကိုယ္စြမ္းေဆာင္ႏိုင္တာ ေရးတဲ့”ဟု ဆရာမႀကီး ေဒၚၫြန႔္တင္က သူသိမ္းဆည္းထားသည့္ စာ႐ြက္စာတမ္း အေဟာင္းႏြမ္းမ်ားကို တစ္႐ြက္ခ်င္း လွန္ေလွာရင္း ျပန္ေျပာင္း ေျပာဆိုေနသည္။

၁၉၆၅-၁၉၆၆ ခုႏွစ္တြင္ အသက္ သုံးဆယ္အ႐ြယ္ မၫြန႔္တင္သည္ မူလတန္းျပ ေက်ာင္းဆရာမဘဝျဖင့္ မိတၳီလာ ဆရာအတတ္သင္ သိပၸံတြင္ သင္တန္း တက္ေနခိုက္ ျမန္မာဖတ္စာသစ္ ျပဳစုေရးအဖြဲ႕က သင္တန္းေက်ာင္းသို႔ ေရာက္လာခဲ့သည္။

ထိုအဖြဲ႕က လာေရာက္ျခင္း အေၾကာင္းကိုရွင္းျပကာ သင္တန္းသူ သင္တန္းသားမ်ားကို တစ္ဦးလွ်င္ တစ္ပုဒ္ႏႈန္း ေရးသား ေပးပို႔ၾကရန္ တိုက္တြန္းခဲ့သည္။ ထိုျမန္မာဖတ္စာသစ္ ျပဳစုေရးအဖြဲ႕ကို ပညာေရး အထူးအရာရွိ ဦးသံဗ်င္ႏွင့္ ဦးဘလွေအာင္တို႔က ဦးေဆာင္ခဲ့ၾကသည္။ ထိုအခ်ိန္က ျမန္မာႏိုင္ငံတြင္ မိတၳီလာ ဆရာအတတ္သင္သိပၸံ အပါအဝင္ သင္တန္းေက်ာင္း ရွစ္ေက်ာင္းရွိသည္။ ထိုေက်ာင္းမ်ား အားလုံးသို႔ ျမန္မာဖတ္စာသစ္ ျပဳစုေရးအဖြဲ႕က လွည့္လည္ကာ မူလတန္းဆရာ ဆရာမမ်ားကို တိုက္တြန္း ႏႈိးေဆာ္မႈမ်ား ျပဳခဲ့သည္။

စတုတၳတန္း သင္႐ိုးေျပာင္းမည္ျဖစ္၍ သင္ခန္းစာ အသစ္မ်ား ရရွိႏိုင္ရန္ ဆရာ ဆရာမမ်ားထံ ကြင္းဆင္း တိုက္တြန္းျခင္း ျဖစ္ၿပီး စာမူမ်ားကို သင္တန္းေက်ာင္းရွိ ျမန္မာစာ ကထိကမ်ားထံ အပ္ႏွံၾကရမည္ ျဖစ္သည္။ သို႔ေသာ္လည္း မၫြန႔္တင္ အပါအဝင္ သင္တန္းသူ သင္တန္းသား အားလုံးမွာ “ေအာ္၊ ပညာရွိႀကီးေတြ၊ သူတို႔ လုပ္ခ်င္ရင္ အလြယ္ေလးပဲ။ တို႔လို သာမည ပုဂၢိဳလ္ေလးေတြ ေရးတာေတြ အသုံးလည္း ခ်မွာ မဟုတ္ပါဘူး”ဟု ေတြးေတာမိၾက၍ မည္သူမွ် မေရးခဲ့ၾက။

သို႔ေသာ္ သင္တန္းမွ ျမန္မာစာ ကထိကမ်ားက ေနာက္သုံးရက္ၾကာလွ်င္ စာမူအပ္လွ်င္အပ္၊ မအပ္လွ်င္ အိပ္ရာလိပ္ ျပင္ထားဟု ရာဇသံျပဳမွ ေက်ာင္းထုတ္ခံရမည္ကို ေၾကာက္၍ စဥ္းစားကာ ေရးၾကရေၾကာင္း ဆရာမႀကီး ေဒၚၫြန႔္တင္က အရယ္စြက္၍ ေျပာျပသည္။

ထိုအခ်ိန္က မၫြန႔္တင္မွာ ၿမိဳ႕ႀကီး ျပႀကီးသို႔ အေရာက္အေပါက္ မရွိ။ စည္းလုံးျခင္း၊ ညီၫြတ္ျခင္း၊ အနစ္နာခံျခင္း၊ ကူညီ႐ိုင္းပင္းျခင္း စသည္တို႔၏ အက်ိဳးရလဒ္တို႔ကို ဇိနတၱ ပကာသနီတို႔၊ ဓမၼပဒတို႔ ဖတ္ရႈသည့္ ဖခင္ျဖစ္သူ၏ ေျပာဆိုမႈမ်ားေၾကာင့္ နားရည္ဝေနေသာ္လည္း ျပင္ပ ဗဟုသုတမရွိ။ ေတာသူ ေတာင္သား ျဖစ္ေသာ္လည္း ငွက္ေပ်ာသီး ဘယ္လိုျဖစ္၊ ထန္းပင္ ဘယ္လိုႀကီး စသည္တို႔ကိုပင္ မသိရွိခဲ့ေပ။

ထိုေခတ္က အုပ္ခ်ဳပ္သည့္ အစိုးရအေနႏွင့္ ေမြးျမဴေရးကို ဦးစားေပးေနသည့္ အခ်ိန္ကာလ ျဖစ္သည္။ သို႔ေသာ္ မၫြန႔္တင္တို႔၏ မိဘဘိုးဘြား ဘႀကီး ဘေလးတို႔ အားလုံးမွာ ေမြးျမဴေရးကို မလုပ္ၾက။ ငရဲကို ေၾကာက္၍လည္းေကာင္း၊ ဘုရားေဟာၾကားေသာ မေရာင္းအပ္သည့္ ကုန္ပစၥည္း ငါးပါးတြင္ ပါဝင္၍လည္းေကာင္း ေမြးျမဴျခင္း မျပဳၾကသျဖင့္ ထိုအရာမ်ားႏွင့္ မၫြန႔္တင္ မရင္းႏွီးခဲ့။

“ေက်းလက္ေတြမွာ ဆိတ္၊ ဝက္၊ ၾကက္ေတြ ေမြးေနၾကတာ။ သူတို႔ေတြလည္း အာ႐ုံ မထားလို႔ မေရးတတ္ဘူး။ ဝက္ကို ဝက္မွန္းေတာ့ သိတာေပါ့။ စာတစ္ေစာင္ ေပတစ္ဖြဲ႕ ျဖစ္ေအာင္ ေရးရဦးမွာေလ။ အဲေတာ့ ဒီဥစၥာေလး (မိတ္ေဆြ သုံးဦးအေၾကာင္း) ကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ ကူညီတာေလး၊ ညီၫြတ္တာေလးပဲ။ ညီၫြတ္မႈ ဆိုတာေလးေတာ့ အသုံးက်မယ္ ထင္ပါတယ္လို႔ အေမက စိတ္ကူးၿပီးေတာ့ ေရးလိုက္တာ”ဟု ထိုစာမူေလး ေရးခဲ့စဥ္က အေျခအေနကို မွတ္မွတ္ရရ ေျပာျပေနသည္။

စာေရးနည္းတြင္ နိဒါန္း၊ စာကိုယ္ႏွင့္ နိဂုံးဟူ၍ ရွိသည္။ နိဒါန္းကို ဘယ္လိုထား၊ စာကိုယ္ ခပ္မ်ားမ်ား၊ နိဂုံးပိုင္း နည္းနည္းတို စသျဖင့္ သင္ခဲ့ဖူးသည္တို႔ကို မၫြန႔္တင္ မွတ္ထားသည္။ ယင္းအျပင္ စာေရးေနသည့္ အခ်ိန္တြင္လည္း ထိုဇာတ္ေၾကာင္းကို ဆရာေတာ္မ်ား တရားေဟာသည္ကို နားၾကားရသကဲ့သို႔ ၾကားေယာင္ေနမိၿပီး နိဒါန္း၊ စာကိုယ္၊ နိဂုံး သုံးပါးလုံး က်ိဳးေၾကာင္း ညီၫြတ္ေစရန္၊ အထားအသို မွန္ကန္ေစရန္ ေသခ်ာစဥ္းစား၍ ေရးလိုက္သည္။ ၿပီးေနာက္ မိတ္ေဆြသုံးဦးဟု ေခါင္းစဥ္ ေပးလိုက္ေလသည္။

Image may contain: 1 person, text

ေရးၿပီးေသာအခါ ျမန္မာစာ ကထိက ဆရာဦးေအာင္ထံ အပ္ႏွံလိုက္သည္။ ထိုအခ်ိန္က်မွ မၫြန႔္တင္တို႔ သင္တန္းသူ သင္တန္းသားမ်ားမွာ တာဝန္တစ္ခု ၿပီးေျမာက္သည္ဟု ခံစားရကာ လူေကာ စိတ္ပါ ေပါ့ပါးသြားေတာ့သည္။

“ကိုယ့္တာဝန္ ၿပီးၿပီေလ။ တာဝန္က်လို႔ ေရးတာေလ။ ေရးလို႔ ၿပီးသြားတဲ့အခါက်ေတာ့ အပ္ၿပီးေတာ့ အေမတို႔က အာ႐ုံထဲမယ္ ဒီလို ေ႐ြးလိမ့္မယ္လို႔လည္း ထင္မေနေတာ့ဘူး။ တာဝန္ေက်ၿပီးၿပီေပါ့ေနာ့”ဟု အေၾကာင္း တိုက္ဆိုင္၍ ေရးခဲ့ရေသာ္လည္း သင္႐ိုးတြင္ပါမည္၊ အေ႐ြးခ်ယ္ ခံရမည္ဟု ေမွ်ာ္လင့္ မထားပုံကို ေျပာျပသည္။

ေရးထားသည့္ စာမူကို တာဝန္ရွိသူမ်ားဘက္က မျပင္ဆင္ရေပ။ ထို႔ေၾကာင့္ စာေရးစဥ္ကတည္းကပင္ ကေလးႏွင့္လည္း ေလ်ာ္ညီေစရန္၊ မတိုလြန္း မရွည္လြန္း ျဖစ္ေစရန္ စဥ္းစား စိတ္ကူးခဲ့ရသည္။

Image may contain: 1 person

မိတ္ေဆြသုံးဦး ဇာတ္လမ္းမွာ အားလုံး သိၾကၿပီးသည့္အတိုင္း မိတ္ေဆြ တစ္ဦးႏွင့္တစ္ဦး ကူညီၾကသည့္ ဇာတ္လမ္းျဖစ္သည္။ သမင္ေလးက ေက်ာ့ကြင္းတြင္ မိ၊ လိပ္က ေက်ာ့ကြင္းကိုျဖတ္ကာ ေခါက္ရွာငွက္က မုဆိုးႀကီး ခရီးဖင့္ေစရန္ မ်က္ႏွာကို ေတာင္ပံျဖင့္ ႐ိုက္႐ိုက္ေပးသည္။ ခ်စ္ခင္သည့္ မိတ္ေဆြသုံးဦးတို႔ အေၾကာင္းကို ဦးတည္၍ ေရးသားခဲ့ၿပီး ညီၫြတ္မႈ အေၾကာင္းျဖစ္၍ ဖတ္ရႈသူတို႔ လိမၼာေစရန္၊ အသုံးက်ေစရန္အတြက္ စိတ္ကူးမိသည္၊ တိုင္းျပည္ အုပ္ခ်ဳပ္သည့္ ပုဂၢိဳလ္မ်ားမွလည္း သေဘာ က်လိမ့္မည္ဟု ခံယူသည္ဟု စာေရးစဥ္က ခံစားခ်က္ကို ေျပာျပသည္။

သင္တန္းေဖာ္မ်ားတြင္ မည္သူတို႔ အေ႐ြးခ်ယ္ ခံရသည္ကိုေတာ့ မသိ။ သင္တန္းၿပီး သုံးႏွစ္ခန႔္အၾကာ ၁၉၆၉ ခုႏွစ္တြင္မွ ဉာဏ္ပူေဇာ္ခ ခ်ီးျမႇင့္စရာ ရွိေနပါသည္ဟုဆိုကာ ေတာင္သာ စာတိုက္မွတစ္ဆင့္ ဆုခ်သည့္ပိုက္ဆံကို လႊဲေပးခံရသည္။ ခ်ီးျမႇင့္ေငြ ၁၂၄ က်ပ္ ၄၅ ျပားျဖစ္ၿပီး ေငြလႊဲခ ျပားေလးဆယ္ ႏႈတ္ယူထားသျဖင့္ ၁၂၄ က်ပ္ ငါးျပား ရရွိခဲ့သည္။

“အေမ့လို ဝလုံးတန္းတတ္တဲ့ မူလတန္း ဆရာမေလးကို လူႀကီးမင္းလို႔ ေရးထားတယ္ေကာ၊ (ျမန္မာႏိုင္ငံ ပညာေရး ၫႊန္ၾကားေရးဝန္႐ုံးမွ ဉာဏ္ပူေဇာ္ခ ေပးပို႔ေၾကာင္း အေၾကာင္းၾကားသည့္စာတြင္ ေရးသားထားသည္။) အေမတို႔က မာန္လည္း မတက္ပါဘူး။ ကိုယ္လည္း ဘယ္ေလာက္ တတ္တာမွတ္လို႔ေနာ့။ လူႀကီးမင္း ပို႔လိုက္တဲ့စာမူကို ေတြ႕ရပါသျဖင့္လို႔ ပါတယ္ေလ။ ကုသိုလ္ေတြရၿပီဆိုၿပီး ဝမ္းသာသလို မွတ္တမ္း တင္ခံရလို႔ ဝမ္းသာတာေပါ့”ဟု လူႀကီးမင္းဟု ေခၚဆိုခံရသျဖင့္ အံ့ဩဝမ္းသာခံရပုံကို ေျပာျပသည္။

Image may contain: 1 person, standing and outdoor

ဆရာမေလး မၫြန႔္တင္သည္ ငယ္စဥ္ကတည္းက ငရဲကို ေၾကာက္သည္။ ဘာသာေရးကိုလည္း ၾကားဖူးနားဝရွိသျဖင့္ ဆရာအတတ္သင္ သင္တန္းေက်ာင္း ရွစ္ေက်ာင္းမွ သင္တန္းသူ သင္တန္းသားမ်ား ေရးသားသည့္ စာမူမ်ားအထဲမွ သူေရးသည့္စာမူ အေ႐ြးခ်ယ္ခံရၿပီး ဆုေငြမ်ား ခ်ီးျမႇင့္ခံရေသာအခါ ကုသိုလ္မ်ားရၿပီဟု ေတြးေတာကာ ေပ်ာ္႐ႊင္ခဲ့ရသည္။

“ဗမာတစ္ျပည္လုံးမွာရွိတဲ့ စတုတၳတန္း ေက်ာင္းသူ ေက်ာင္းသား အေရအတြက္ အမ်ားႀကီး ရွိေပမယ့္လို႔ တစ္ေယာက္တည္း မွတ္ဦးေတာ့ ကုသိုလ္ေတြ မ်ားပါတယ္။ ကုသိုလ္ကိုပဲ ဦးတည္ၿပီးေတာ့ အေမက ဝမ္းသာတယ္”ဟု ေျပာဆိုသည္။

ထိုမွ်မကေသး။ ထိုရရွိသည့္ ဆုေငြ ကို ဖခင္ျဖစ္သူ ဘုရားတည္ရာတြင္လည္း ထည့္ဝင္လႉဒါန္းခဲ့ေသးသည္ဟု ဂုဏ္ယူ စြာ ေျပာဆိုရင္း ကုသိုလ္မွ်ေဝခဲ့သည္။

Image may contain: 1 person

မိတ္ေဆြ သုံးဦးပိုင္ရွင္မွာ ဆရာမ ေဒၚၫြန႔္တင္ ျဖစ္ေသာ္လည္း မူလဇာစ္ျမစ္က ဘုရားေဟာ နိပါတ္ေတာ္ျဖစ္သည္။ ယင္းအေၾကာင္းမ်ားကို ဖခင္ျဖစ္သူ ေက်းဇူးေၾကာင့္ ၾကားဖူးခဲ့ရာမွ ျပန္လည္ ေရးသားခဲ့ျခင္းျဖစ္သည္။ ထိုနိပါတ္ေတာ္အရ သမင္မွာ ဘုရားေလာင္း၊ မုဆိုးမွာ ေဒဝဒတ္ေလာင္း၊ ေခါက္ရွာငွက္ႏွင့္ လိပ္တို႔မွာ ညီေတာ္အာနႏၵာႏွင့္ ရွင္သာရိ ပုတၱရာေလာင္းတို႔ ျဖစ္ၾကေသာ္လည္း မည္သူက ငွက္၊ မည္သူက လိပ္ဆိုသည္ကို ေသခ်ာ မမွတ္မိေတာ့ဟု ဆိုသည္။

မိတ္ေဆြသုံးဦးသည္ ေဒၚၫြန႔္တင္၏ ပထမဆုံးႏွင့္ ေနာက္ဆုံး စာမူျဖစ္သည္။ ထိုတစ္ပုဒ္ကို မျဖစ္မေန ေရးခဲ့ရသည္မွ လြဲ၍ အျခား ဘာမွ်မေရးခဲ့ဖူး။ သို႔ေသာ္ ဖတ္ရႈမိေသာ စာအုပ္မ်ားထဲမွ ေကာင္းႏိုးရာရာမ်ားကိုေတြ႕လွ်င္ ဗလာစာအုပ္တြင္ ကူးယူထားတတ္သည္။ ပင္စင္ထုတ္ခ်ိန္ ေတာင္သာၿမိဳ႕သို႔ တက္ေသာအခါ မိတၱဴ ကူးယူ၍ နီးစပ္ရာတို႔ကို ကုသိုလ္ျဖစ္ ေဝငွတတ္သည္။

မိတ္ေဆြသုံးဦးပိုင္ရွင္ ဆရာမႀကီး ေဒၚၫြန႔္တင္ကို ၁၉၃၇ ခုႏွစ္ ဇြန္လ ၂၅ ရက္ (၁၂၉၇ နယုန္လဆုတ္ ၁၀ ရက္)အဂၤါေန႔တြင္ မလႈိင္ၿမိဳ႕နယ္ ပန္းအိုင္႐ြာ၌ အဖ ဦးပတ္လည္ (ခုံသမာဓိမင္း၊ အမိန႔္ေတာ္ရေရွ႕ေန) ႏွင့္ အမိေဒၚမယ္ႏြဲ႕တို႔က ေမြးဖြားခဲ့ၿပီး ၁၈ ႏွစ္ကြာသည့္ ေဒၚထြန္းဟုေခၚေသာ ေမြးခ်င္း အစ္မတစ္ဦးရွိသည္။

Image may contain: text

ငယ္႐ြယ္စဥ္က မိဘမ်ား စီးပြားေရး အဆင္ေျပေသာ္လည္း ဒုတိယကမာၻစစ္ႏွင့္ ႀကဳံေတြ႕ရၿပီး စစ္ေဘးေရွာင္ရင္း လက္ပံေတာ႐ြာသို႔ ေရာက္ရွိခဲ့ၾကသည္။ အသက္ ရွစ္ႏွစ္အ႐ြယ္အေရာက္ လက္ပံေတာ႐ြာႏွင့္ ကပ္လ်က္ရွိ မန္က်ည္းကုန္း ဘုန္းေတာ္ႀကီးေက်ာင္းတြင္ စတင္ ပညာသင္ၾကားခဲ့ရၿပီး မဂၤလာ စာေမးပြဲကို ေအာင္ျမင္သျဖင့္ မန္က်ည္းကုန္းဂိုဏ္းေထာက္ ဆရာေတာ္ ပညာေရးအဖြဲ႕ဟု ပါရွိသည့္ ေငြဒဂၤါးဆုတံဆိပ္ကို ရရွိခဲ့သည္။

Image may contain: text

“ေျပာရဦးမယ္။ အေမက ဉာဏ္ေကာင္းသတဲ့။ အလယ္တန္း၊ ရွစ္တန္းထိ ေနခဲ့ရတာကိုး။ ျမန္မာစာ စစ္ၿပီးလို႔၊ စာစီစာကုံး စစ္ၿပီးရင္ အေမက ဆရာ့ခုံေပၚ၊ စားပြဲေပၚ တက္ရတယ္။ ေအာက္က လက္ခုပ္တီးရတဲ့ေခတ္။ ျမန္မာစာခ်ိန္ရယ္၊ ပုံဆြဲရယ္၊ သခ်ၤာရယ္၊ အဲဒီအခ်ိန္ဆိုရင္ အေမက စားပြဲေပၚတက္တက္ ရပ္ေနရတာ”ဟု ငယ္စဥ္က အေျခအေနကို တမ္းတမ္းတတ ေျပာျပေနေသးသည္။

အသက္ ၁၂ ႏွစ္တြင္ မူလတန္း ေအာင္ျမင္ၿပီး ႏိုင္ငံေရး အေျခအေနအရ ခုနစ္ႏွစ္ခန႔္ စာေပ မသင္ၾကားရဘဲ အသက္ ၁၉ ႏွစ္အ႐ြယ္တြင္မွ ပၪၥမတန္းကို သင္ၾကားရသည္။ အတန္းပညာ အ႒မတန္းထိ ျဖစ္သည္။ ၁၉၅၇ ခုႏွစ္ စက္တင္ဘာလ ၂၇ ရက္တြင္ မလႈိင္ၿမိဳ႕နယ္ ကူနီေက်း႐ြာတြင္ မူလတန္းျပအျဖစ္ စတင္ လုပ္ကိုင္ခဲ့ၿပီးေနာက္ ေႏွာကန္႐ြာသို႔ အေျပာင္းက်ခဲ့ကာ အသက္ ၂၅ ႏွစ္အေရာက္တြင္ ႐ုံးစည္ႀကီး (႐ုံးဇင္ႀကီး) ႐ြာ စာတိုက္ခြဲမႉး ဦးေအာင္ႏွင့္ အိမ္ေထာင္က်ၿပီး သားကိုးဦး၊ သမီးတစ္ဦး ေမြးဖြားခဲ့သည္။

အသက္ ၆၀ တြင္ ပညာေရးဝန္ထမ္းအျဖစ္မွ သက္ျပည့္ပင္စင္ ယူခဲ့ၿပီး ပင္စင္လစာ ခုနစ္ေသာင္းေက်ာ္ (က်ပ္ ၇၄,၈၆၀) ရရွိသည္။ လက္ရွိ လက္ပံေတာ႐ြာတြင္ သမီးႀကီးျဖစ္သူ မၾကည္လႈိင္ႏွင့္ ေျမစိုက္အိမ္ေလးတြင္ အတူေနထိုင္ရင္း တရားဘာဝနာ ပြားမ်ားလ်က္ရွိသည္။

ဆရာမႀကီး ေဒၚၫြန႔္တင္၏ဘဝတြင္ ငယ္စဥ္က မဂၤလာ စာေမးပြဲေအာင္သျဖင့္ ရခဲ့သည့္ ေငြဒဂၤါးဆု၊ မိတ္ေဆြသုံးဦး စာမူေၾကာင့္ ရရွိခဲ့သည့္ ခ်ီးျမႇင့္ေငြတို႔အျပင္ ႏိုင္ငံေတာ္ ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ လက္ထက္တြင္ ၾကယ္တံဆိပ္ ဝန္ထမ္းေကာင္းဆုကိုလည္း ရရွိခဲ့ဖူးေသးသည္။

အေမ ဆရာမႀကီးဟု ခ်စ္စႏိုးေခၚတတ္ၾကသည့္ ဆရာမႀကီး ေဒၚၫြန႔္တင္သည္ လက္ရွိတြင္ အသက္ ၈၂ ႏွစ္ရွိေနၿပီျဖစ္သည္။ အသက္ ၃၀ အ႐ြယ္က ေရးသားခဲ့သည့္ မိတ္ေဆြသုံးဦး၏ သက္တမ္းပင္လွ်င္ ႏွစ္ေပါင္း ငါးဆယ္ခန႔္ရွိေနၿပီ။ ထိုႏွစ္ငါးဆယ္အတြင္း မိတ္ေဆြသုံးဦးကို ေလ့လာသင္ယူကာ ပညာရင္ႏို႔ ေသာက္စို႔ခဲ့ဖူးသည့္ တပည့္သားသမီးတို႔မွာ သိန္းဂဏန္း မ်ားစြာ ရွိေပမည္။ မိတ္ေဆြသုံးဦးအေၾကာင္းကို ဖတ္မိတိုင္း အမွတ္ရမိတိုင္း အေမဆရာမႀကီး၏ ေက်းဇူးဂုဏ္ကို အမွတ္ရသင့္သည္။

မိတ္ေဆြမ်ား ညီၫြတ္လွ်င္ မည္သို႔ေသာ အက်ိဳးေက်းဇူး ရရွိသနည္း ဟူသည့္ ေမးခြန္းကို စတုတၳတန္း ေက်ာင္းသူ ေက်ာင္းသားတိုင္း ေျဖဆိုခဲ့ၾကရသည္။

No automatic alt text available.

ျမန္မာစာ ဖတ္စာအုပ္ထဲမွ သမင္၊ လိပ္၊ ေခါက္ရွာငွက္တို႔ကို ဥပမာ ထား၍ ညီၫြတ္ျခင္း အက်ိဳးေက်းဇူးကို သင္ယူ ေလ့လာခဲ့ၾကရသည္။ ညီၫြတ္လွ်င္ မည္သို႔ ခံစားရၿပီး မညီၫြတ္လွ်င္ေတာ့ မည္သို႔ ခံစားၾကရမည္ကို ေက်ာင္းျပင္ပ အျပင္ေလာကတြင္ သင္ယူ ေလ့လာခဲ့ၾကရမည္။ ထိုသို႔ အျပင္ေလာကတြင္ သင္ယူရင္း စတုတၳတန္း ဖတ္စာမွ မိတ္ေဆြသုံးဦးအေၾကာင္းကို သတိရမိလွ်င္ အေမဆရာမႀကီး ေခၚ ဆရာမေဒၚၫြန႔္တင္အတြက္ ကုသိုလ္တရားမ်ား တိုးပြားေနမည္

Credit:The Voice

 

UniCodeဖြင့်ဖတ်ရန်

 

တောင်သာနယ် လက်ပံတောရွာက မိတ်ဆွေသုံးဦး ရဲ့ မူရင်း စာမူပိုင်ရှင်

 

မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်အတွင်းက လက်ပံတော (လက်ပဒေါ) ဟု အမည်တွင်သည့် မထင်မရှား ကျေးရွာကလေးတွင် စတုတ္ထတန်း သင်ကြားဖူးသည့် ကျောင်းသူ၊ ကျောင်းသားတိုင်း၏ ကျေးဇူးရှင် ဆရာမကြီးတစ်ဦးရှိသည်။ ဘွဲ့ရသူ၊ ဘွဲ့မရသူ၊ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ၊ မအောင်မြင်သူ အားလုံး အပါအဝင် မူလတန်းအဆင့် သင်ယူခဲ့သူတိုင်းအတွက် ဆရာမကြီး၏ ကျေးဇူးက မကင်းပေ။ သူ့ကို အမေ ဆရာမကြီးဟု လက်ပံတောရွာ ဒေသခံတို့က ခေါ်ဆိုကြသည်။

စတုတ္ထတန်း မြန်မာစာ ပြဋ္ဌာန်းစာအုပ်ကို လှန်လိုက်လျှင် ပထမဆုံး တွေ့မြင်ရမည့် သင်ခန်းစာမှာ “မိတ်ဆွေ သုံးဦး”ဟု အမည်ရသည့် ညီညွတ်ခြင်း အကျိုးပြ ပုံပမာဖြစ်သည်။ ထိုမိတ်ဆွေ သုံးဦး၏ပိုင်ရှင်က ဆရာမ ဒေါ်ညွန့်တင်။

“စတုတ္ထတန်း မြန်မာစာသင်ရိုး ပြောင်းမှာမို့လို့တဲ့။ မူလတန်းဆရာလောင်း ဆရာမလောင်းတွေ တစ်ယောက် တစ်ပုဒ် ရေးလိုက်ပါတဲ့။ အဲလို လာပြောတာပေါ့နော်။ ခေါင်းစဉ် မပေးပါဘူး။ ကိုယ်စွမ်းဆောင်နိုင်တာ ရေးတဲ့”ဟု ဆရာမကြီး ဒေါ်ညွန့်တင်က သူသိမ်းဆည်းထားသည့် စာရွက်စာတမ်း အဟောင်းနွမ်းများကို တစ်ရွက်ချင်း လှန်လှောရင်း ပြန်ပြောင်း ပြောဆိုနေသည်။

၁၉၆၅-၁၉၆၆ ခုနှစ်တွင် အသက် သုံးဆယ်အရွယ် မညွန့်တင်သည် မူလတန်းပြ ကျောင်းဆရာမဘဝဖြင့် မိတ္ထီလာ ဆရာအတတ်သင် သိပ္ပံတွင် သင်တန်း တက်နေခိုက် မြန်မာဖတ်စာသစ် ပြုစုရေးအဖွဲ့က သင်တန်းကျောင်းသို့ ရောက်လာခဲ့သည်။

ထိုအဖွဲ့က လာရောက်ခြင်း အကြောင်းကိုရှင်းပြကာ သင်တန်းသူ သင်တန်းသားများကို တစ်ဦးလျှင် တစ်ပုဒ်နှုန်း ရေးသား ပေးပို့ကြရန် တိုက်တွန်းခဲ့သည်။ ထိုမြန်မာဖတ်စာသစ် ပြုစုရေးအဖွဲ့ကို ပညာရေး အထူးအရာရှိ ဦးသံဗျင်နှင့် ဦးဘလှအောင်တို့က ဦးဆောင်ခဲ့ကြသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် မိတ္ထီလာ ဆရာအတတ်သင်သိပ္ပံ အပါအဝင် သင်တန်းကျောင်း ရှစ်ကျောင်းရှိသည်။ ထိုကျောင်းများ အားလုံးသို့ မြန်မာဖတ်စာသစ် ပြုစုရေးအဖွဲ့က လှည့်လည်ကာ မူလတန်းဆရာ ဆရာမများကို တိုက်တွန်း နှိုးဆော်မှုများ ပြုခဲ့သည်။

စတုတ္ထတန်း သင်ရိုးပြောင်းမည်ဖြစ်၍ သင်ခန်းစာ အသစ်များ ရရှိနိုင်ရန် ဆရာ ဆရာမများထံ ကွင်းဆင်း တိုက်တွန်းခြင်း ဖြစ်ပြီး စာမူများကို သင်တန်းကျောင်းရှိ မြန်မာစာ ကထိကများထံ အပ်နှံကြရမည် ဖြစ်သည်။ သို့သော်လည်း မညွန့်တင် အပါအဝင် သင်တန်းသူ သင်တန်းသား အားလုံးမှာ “အော်၊ ပညာရှိကြီးတွေ၊ သူတို့ လုပ်ချင်ရင် အလွယ်လေးပဲ။ တို့လို သာမည ပုဂ္ဂိုလ်လေးတွေ ရေးတာတွေ အသုံးလည်း ချမှာ မဟုတ်ပါဘူး”ဟု တွေးတောမိကြ၍ မည်သူမျှ မရေးခဲ့ကြ။

သို့သော် သင်တန်းမှ မြန်မာစာ ကထိကများက နောက်သုံးရက်ကြာလျှင် စာမူအပ်လျှင်အပ်၊ မအပ်လျှင် အိပ်ရာလိပ် ပြင်ထားဟု ရာဇသံပြုမှ ကျောင်းထုတ်ခံရမည်ကို ကြောက်၍ စဉ်းစားကာ ရေးကြရကြောင်း ဆရာမကြီး ဒေါ်ညွန့်တင်က အရယ်စွက်၍ ပြောပြသည်။

ထိုအချိန်က မညွန့်တင်မှာ မြို့ကြီး ပြကြီးသို့ အရောက်အပေါက် မရှိ။ စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ အနစ်နာခံခြင်း၊ ကူညီရိုင်းပင်းခြင်း စသည်တို့၏ အကျိုးရလဒ်တို့ကို ဇိနတ္တ ပကာသနီတို့၊ ဓမ္မပဒတို့ ဖတ်ရှုသည့် ဖခင်ဖြစ်သူ၏ ပြောဆိုမှုများကြောင့် နားရည်ဝနေသော်လည်း ပြင်ပ ဗဟုသုတမရှိ။ တောသူ တောင်သား ဖြစ်သော်လည်း ငှက်ပျောသီး ဘယ်လိုဖြစ်၊ ထန်းပင် ဘယ်လိုကြီး စသည်တို့ကိုပင် မသိရှိခဲ့ပေ။

ထိုခေတ်က အုပ်ချုပ်သည့် အစိုးရအနေနှင့် မွေးမြူရေးကို ဦးစားပေးနေသည့် အချိန်ကာလ ဖြစ်သည်။ သို့သော် မညွန့်တင်တို့၏ မိဘဘိုးဘွား ဘကြီး ဘလေးတို့ အားလုံးမှာ မွေးမြူရေးကို မလုပ်ကြ။ ငရဲကို ကြောက်၍လည်းကောင်း၊ ဘုရားဟောကြားသော မရောင်းအပ်သည့် ကုန်ပစ္စည်း ငါးပါးတွင် ပါဝင်၍လည်းကောင်း မွေးမြူခြင်း မပြုကြသဖြင့် ထိုအရာများနှင့် မညွန့်တင် မရင်းနှီးခဲ့။

“ကျေးလက်တွေမှာ ဆိတ်၊ ဝက်၊ ကြက်တွေ မွေးနေကြတာ။ သူတို့တွေလည်း အာရုံ မထားလို့ မရေးတတ်ဘူး။ ဝက်ကို ဝက်မှန်းတော့ သိတာပေါ့။ စာတစ်စောင် ပေတစ်ဖွဲ့ ဖြစ်အောင် ရေးရဦးမှာလေ။ အဲတော့ ဒီဥစ္စာလေး (မိတ်ဆွေ သုံးဦးအကြောင်း) ကတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီတာလေး၊ ညီညွတ်တာလေးပဲ။ ညီညွတ်မှု ဆိုတာလေးတော့ အသုံးကျမယ် ထင်ပါတယ်လို့ အမေက စိတ်ကူးပြီးတော့ ရေးလိုက်တာ”ဟု ထိုစာမူလေး ရေးခဲ့စဉ်က အခြေအနေကို မှတ်မှတ်ရရ ပြောပြနေသည်။

စာရေးနည်းတွင် နိဒါန်း၊ စာကိုယ်နှင့် နိဂုံးဟူ၍ ရှိသည်။ နိဒါန်းကို ဘယ်လိုထား၊ စာကိုယ် ခပ်များများ၊ နိဂုံးပိုင်း နည်းနည်းတို စသဖြင့် သင်ခဲ့ဖူးသည်တို့ကို မညွန့်တင် မှတ်ထားသည်။ ယင်းအပြင် စာရေးနေသည့် အချိန်တွင်လည်း ထိုဇာတ်ကြောင်းကို ဆရာတော်များ တရားဟောသည်ကို နားကြားရသကဲ့သို့ ကြားယောင်နေမိပြီး နိဒါန်း၊ စာကိုယ်၊ နိဂုံး သုံးပါးလုံး ကျိုးကြောင်း ညီညွတ်စေရန်၊ အထားအသို မှန်ကန်စေရန် သေချာစဉ်းစား၍ ရေးလိုက်သည်။ ပြီးနောက် မိတ်ဆွေသုံးဦးဟု ခေါင်းစဉ် ပေးလိုက်လေသည်။

ရေးပြီးသောအခါ မြန်မာစာ ကထိက ဆရာဦးအောင်ထံ အပ်နှံလိုက်သည်။ ထိုအချိန်ကျမှ မညွန့်တင်တို့ သင်တန်းသူ သင်တန်းသားများမှာ တာဝန်တစ်ခု ပြီးမြောက်သည်ဟု ခံစားရကာ လူကော စိတ်ပါ ပေါ့ပါးသွားတော့သည်။

“ကိုယ့်တာဝန် ပြီးပြီလေ။ တာဝန်ကျလို့ ရေးတာလေ။ ရေးလို့ ပြီးသွားတဲ့အခါကျတော့ အပ်ပြီးတော့ အမေတို့က အာရုံထဲမယ် ဒီလို ရွေးလိမ့်မယ်လို့လည်း ထင်မနေတော့ဘူး။ တာဝန်ကျေပြီးပြီပေါ့နော့”ဟု အကြောင်း တိုက်ဆိုင်၍ ရေးခဲ့ရသော်လည်း သင်ရိုးတွင်ပါမည်၊ အရွေးချယ် ခံရမည်ဟု မျှော်လင့် မထားပုံကို ပြောပြသည်။

ရေးထားသည့် စာမူကို တာဝန်ရှိသူများဘက်က မပြင်ဆင်ရပေ။ ထို့ကြောင့် စာရေးစဉ်ကတည်းကပင် ကလေးနှင့်လည်း လျော်ညီစေရန်၊ မတိုလွန်း မရှည်လွန်း ဖြစ်စေရန် စဉ်းစား စိတ်ကူးခဲ့ရသည်။

မိတ်ဆွေသုံးဦး ဇာတ်လမ်းမှာ အားလုံး သိကြပြီးသည့်အတိုင်း မိတ်ဆွေ တစ်ဦးနှင့်တစ်ဦး ကူညီကြသည့် ဇာတ်လမ်းဖြစ်သည်။ သမင်လေးက ကျော့ကွင်းတွင် မိ၊ လိပ်က ကျော့ကွင်းကိုဖြတ်ကာ ခေါက်ရှာငှက်က မုဆိုးကြီး ခရီးဖင့်စေရန် မျက်နှာကို တောင်ပံဖြင့် ရိုက်ရိုက်ပေးသည်။ ချစ်ခင်သည့် မိတ်ဆွေသုံးဦးတို့ အကြောင်းကို ဦးတည်၍ ရေးသားခဲ့ပြီး ညီညွတ်မှု အကြောင်းဖြစ်၍ ဖတ်ရှုသူတို့ လိမ္မာစေရန်၊ အသုံးကျစေရန်အတွက် စိတ်ကူးမိသည်၊ တိုင်းပြည် အုပ်ချုပ်သည့် ပုဂ္ဂိုလ်များမှလည်း သဘော ကျလိမ့်မည်ဟု ခံယူသည်ဟု စာရေးစဉ်က ခံစားချက်ကို ပြောပြသည်။

သင်တန်းဖော်များတွင် မည်သူတို့ အရွေးချယ် ခံရသည်ကိုတော့ မသိ။ သင်တန်းပြီး သုံးနှစ်ခန့်အကြာ ၁၉၆၉ ခုနှစ်တွင်မှ ဉာဏ်ပူဇော်ခ ချီးမြှင့်စရာ ရှိနေပါသည်ဟုဆိုကာ တောင်သာ စာတိုက်မှတစ်ဆင့် ဆုချသည့်ပိုက်ဆံကို လွှဲပေးခံရသည်။ ချီးမြှင့်ငွေ ၁၂၄ ကျပ် ၄၅ ပြားဖြစ်ပြီး ငွေလွှဲခ ပြားလေးဆယ် နှုတ်ယူထားသဖြင့် ၁၂၄ ကျပ် ငါးပြား ရရှိခဲ့သည်။

“အမေ့လို ဝလုံးတန်းတတ်တဲ့ မူလတန်း ဆရာမလေးကို လူကြီးမင်းလို့ ရေးထားတယ်ကော၊ (မြန်မာနိုင်ငံ ပညာရေး ညွှန်ကြားရေးဝန်ရုံးမှ ဉာဏ်ပူဇော်ခ ပေးပို့ကြောင်း အကြောင်းကြားသည့်စာတွင် ရေးသားထားသည်။) အမေတို့က မာန်လည်း မတက်ပါဘူး။ ကိုယ်လည်း ဘယ်လောက် တတ်တာမှတ်လို့နော့။ လူကြီးမင်း ပို့လိုက်တဲ့စာမူကို တွေ့ရပါသဖြင့်လို့ ပါတယ်လေ။ ကုသိုလ်တွေရပြီဆိုပြီး ဝမ်းသာသလို မှတ်တမ်း တင်ခံရလို့ ဝမ်းသာတာပေါ့”ဟု လူကြီးမင်းဟု ခေါ်ဆိုခံရသဖြင့် အံ့ဩဝမ်းသာခံရပုံကို ပြောပြသည်။

ဆရာမလေး မညွန့်တင်သည် ငယ်စဉ်ကတည်းက ငရဲကို ကြောက်သည်။ ဘာသာရေးကိုလည်း ကြားဖူးနားဝရှိသဖြင့် ဆရာအတတ်သင် သင်တန်းကျောင်း ရှစ်ကျောင်းမှ သင်တန်းသူ သင်တန်းသားများ ရေးသားသည့် စာမူများအထဲမှ သူရေးသည့်စာမူ အရွေးချယ်ခံရပြီး ဆုငွေများ ချီးမြှင့်ခံရသောအခါ ကုသိုလ်များရပြီဟု တွေးတောကာ ပျော်ရွှင်ခဲ့ရသည်။

“ဗမာတစ်ပြည်လုံးမှာရှိတဲ့ စတုတ္ထတန်း ကျောင်းသူ ကျောင်းသား အရေအတွက် အများကြီး ရှိပေမယ့်လို့ တစ်ယောက်တည်း မှတ်ဦးတော့ ကုသိုလ်တွေ များပါတယ်။ ကုသိုလ်ကိုပဲ ဦးတည်ပြီးတော့ အမေက ဝမ်းသာတယ်”ဟု ပြောဆိုသည်။

ထိုမျှမကသေး။ ထိုရရှိသည့် ဆုငွေ ကို ဖခင်ဖြစ်သူ ဘုရားတည်ရာတွင်လည်း ထည့်ဝင်လှူဒါန်းခဲ့သေးသည်ဟု ဂုဏ်ယူ စွာ ပြောဆိုရင်း ကုသိုလ်မျှဝေခဲ့သည်။

မိတ်ဆွေ သုံးဦးပိုင်ရှင်မှာ ဆရာမ ဒေါ်ညွန့်တင် ဖြစ်သော်လည်း မူလဇာစ်မြစ်က ဘုရားဟော နိပါတ်တော်ဖြစ်သည်။ ယင်းအကြောင်းများကို ဖခင်ဖြစ်သူ ကျေးဇူးကြောင့် ကြားဖူးခဲ့ရာမှ ပြန်လည် ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုနိပါတ်တော်အရ သမင်မှာ ဘုရားလောင်း၊ မုဆိုးမှာ ဒေဝဒတ်လောင်း၊ ခေါက်ရှာငှက်နှင့် လိပ်တို့မှာ ညီတော်အာနန္ဒာနှင့် ရှင်သာရိ ပုတ္တရာလောင်းတို့ ဖြစ်ကြသော်လည်း မည်သူက ငှက်၊ မည်သူက လိပ်ဆိုသည်ကို သေချာ မမှတ်မိတော့ဟု ဆိုသည်။

မိတ်ဆွေသုံးဦးသည် ဒေါ်ညွန့်တင်၏ ပထမဆုံးနှင့် နောက်ဆုံး စာမူဖြစ်သည်။ ထိုတစ်ပုဒ်ကို မဖြစ်မနေ ရေးခဲ့ရသည်မှ လွဲ၍ အခြား ဘာမျှမရေးခဲ့ဖူး။ သို့သော် ဖတ်ရှုမိသော စာအုပ်များထဲမှ ကောင်းနိုးရာရာများကိုတွေ့လျှင် ဗလာစာအုပ်တွင် ကူးယူထားတတ်သည်။ ပင်စင်ထုတ်ချိန် တောင်သာမြို့သို့ တက်သောအခါ မိတ္တူ ကူးယူ၍ နီးစပ်ရာတို့ကို ကုသိုလ်ဖြစ် ဝေငှတတ်သည်။

မိတ်ဆွေသုံးဦးပိုင်ရှင် ဆရာမကြီး ဒေါ်ညွန့်တင်ကို ၁၉၃၇ ခုနှစ် ဇွန်လ ၂၅ ရက် (၁၂၉၇ နယုန်လဆုတ် ၁၀ ရက်)အင်္ဂါနေ့တွင် မလှိုင်မြို့နယ် ပန်းအိုင်ရွာ၌ အဖ ဦးပတ်လည် (ခုံသမာဓိမင်း၊ အမိန့်တော်ရရှေ့နေ) နှင့် အမိဒေါ်မယ်နွဲ့တို့က မွေးဖွားခဲ့ပြီး ၁၈ နှစ်ကွာသည့် ဒေါ်ထွန်းဟုခေါ်သော မွေးချင်း အစ်မတစ်ဦးရှိသည်။

ငယ်ရွယ်စဉ်က မိဘများ စီးပွားရေး အဆင်ပြေသော်လည်း ဒုတိယကမ္ဘာစစ်နှင့် ကြုံတွေ့ရပြီး စစ်ဘေးရှောင်ရင်း လက်ပံတောရွာသို့ ရောက်ရှိခဲ့ကြသည်။ အသက် ရှစ်နှစ်အရွယ်အရောက် လက်ပံတောရွာနှင့် ကပ်လျက်ရှိ မန်ကျည်းကုန်း ဘုန်းတော်ကြီးကျောင်းတွင် စတင် ပညာသင်ကြားခဲ့ရပြီး မင်္ဂလာ စာမေးပွဲကို အောင်မြင်သဖြင့် မန်ကျည်းကုန်းဂိုဏ်းထောက် ဆရာတော် ပညာရေးအဖွဲ့ဟု ပါရှိသည့် ငွေဒင်္ဂါးဆုတံဆိပ်ကို ရရှိခဲ့သည်။

“ပြောရဦးမယ်။ အမေက ဉာဏ်ကောင်းသတဲ့။ အလယ်တန်း၊ ရှစ်တန်းထိ နေခဲ့ရတာကိုး။ မြန်မာစာ စစ်ပြီးလို့၊ စာစီစာကုံး စစ်ပြီးရင် အမေက ဆရာ့ခုံပေါ်၊ စားပွဲပေါ် တက်ရတယ်။ အောက်က လက်ခုပ်တီးရတဲ့ခေတ်။ မြန်မာစာချိန်ရယ်၊ ပုံဆွဲရယ်၊ သင်္ချာရယ်၊ အဲဒီအချိန်ဆိုရင် အမေက စားပွဲပေါ်တက်တက် ရပ်နေရတာ”ဟု ငယ်စဉ်က အခြေအနေကို တမ်းတမ်းတတ ပြောပြနေသေးသည်။

အသက် ၁၂ နှစ်တွင် မူလတန်း အောင်မြင်ပြီး နိုင်ငံရေး အခြေအနေအရ ခုနစ်နှစ်ခန့် စာပေ မသင်ကြားရဘဲ အသက် ၁၉ နှစ်အရွယ်တွင်မှ ပဉ္စမတန်းကို သင်ကြားရသည်။ အတန်းပညာ အဋ္ဌမတန်းထိ ဖြစ်သည်။ ၁၉၅၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် မလှိုင်မြို့နယ် ကူနီကျေးရွာတွင် မူလတန်းပြအဖြစ် စတင် လုပ်ကိုင်ခဲ့ပြီးနောက် နှောကန်ရွာသို့ အပြောင်းကျခဲ့ကာ အသက် ၂၅ နှစ်အရောက်တွင် ရုံးစည်ကြီး (ရုံးဇင်ကြီး) ရွာ စာတိုက်ခွဲမှူး ဦးအောင်နှင့် အိမ်ထောင်ကျပြီး သားကိုးဦး၊ သမီးတစ်ဦး မွေးဖွားခဲ့သည်။

အသက် ၆၀ တွင် ပညာရေးဝန်ထမ်းအဖြစ်မှ သက်ပြည့်ပင်စင် ယူခဲ့ပြီး ပင်စင်လစာ ခုနစ်သောင်းကျော် (ကျပ် ၇၄,၈၆၀) ရရှိသည်။ လက်ရှိ လက်ပံတောရွာတွင် သမီးကြီးဖြစ်သူ မကြည်လှိုင်နှင့် မြေစိုက်အိမ်လေးတွင် အတူနေထိုင်ရင်း တရားဘာဝနာ ပွားများလျက်ရှိသည်။

ဆရာမကြီး ဒေါ်ညွန့်တင်၏ဘဝတွင် ငယ်စဉ်က မင်္ဂလာ စာမေးပွဲအောင်သဖြင့် ရခဲ့သည့် ငွေဒင်္ဂါးဆု၊ မိတ်ဆွေသုံးဦး စာမူကြောင့် ရရှိခဲ့သည့် ချီးမြှင့်ငွေတို့အပြင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ကြယ်တံဆိပ် ဝန်ထမ်းကောင်းဆုကိုလည်း ရရှိခဲ့ဖူးသေးသည်။

အမေ ဆရာမကြီးဟု ချစ်စနိုးခေါ်တတ်ကြသည့် ဆရာမကြီး ဒေါ်ညွန့်တင်သည် လက်ရှိတွင် အသက် ၈၂ နှစ်ရှိနေပြီဖြစ်သည်။ အသက် ၃၀ အရွယ်က ရေးသားခဲ့သည့် မိတ်ဆွေသုံးဦး၏ သက်တမ်းပင်လျှင် နှစ်ပေါင်း ငါးဆယ်ခန့်ရှိနေပြီ။ ထိုနှစ်ငါးဆယ်အတွင်း မိတ်ဆွေသုံးဦးကို လေ့လာသင်ယူကာ ပညာရင်နို့ သောက်စို့ခဲ့ဖူးသည့် တပည့်သားသမီးတို့မှာ သိန်းဂဏန်း များစွာ ရှိပေမည်။ မိတ်ဆွေသုံးဦးအကြောင်းကို ဖတ်မိတိုင်း အမှတ်ရမိတိုင်း အမေဆရာမကြီး၏ ကျေးဇူးဂုဏ်ကို အမှတ်ရသင့်သည်။

မိတ်ဆွေများ ညီညွတ်လျှင် မည်သို့သော အကျိုးကျေးဇူး ရရှိသနည်း ဟူသည့် မေးခွန်းကို စတုတ္ထတန်း ကျောင်းသူ ကျောင်းသားတိုင်း ဖြေဆိုခဲ့ကြရသည်။

မြန်မာစာ ဖတ်စာအုပ်ထဲမှ သမင်၊ လိပ်၊ ခေါက်ရှာငှက်တို့ကို ဥပမာ ထား၍ ညီညွတ်ခြင်း အကျိုးကျေးဇူးကို သင်ယူ လေ့လာခဲ့ကြရသည်။ ညီညွတ်လျှင် မည်သို့ ခံစားရပြီး မညီညွတ်လျှင်တော့ မည်သို့ ခံစားကြရမည်ကို ကျောင်းပြင်ပ အပြင်လောကတွင် သင်ယူ လေ့လာခဲ့ကြရမည်။ ထိုသို့ အပြင်လောကတွင် သင်ယူရင်း စတုတ္ထတန်း ဖတ်စာမှ မိတ်ဆွေသုံးဦးအကြောင်းကို သတိရမိလျှင် အမေဆရာမကြီး ခေါ် ဆရာမဒေါ်ညွန့်တင်အတွက် ကုသိုလ်တရားများ တိုးပွားနေမည်

Credit:The Voice