သင်ဟာ အရင်ထားခဲ့ဖူးတဲ့ ရည်းစားတွေနဲ့ အဆင်မပြေတဲ့အရာတွေမှန်သမျှ နောက်ထပ်ထားမယ့် ချစ်သူနဲ့ပါ မဆင်မပြေနိုင်တော့ဘူးလို့ တွေးရင်မှားမှာပေါ့။ အတိတ်ကို အတိတ်မှာထားခဲ့ပါ။ တစ်ခါတစ်လေ ချစ်သူရည်းစားတွေကြား လျစ်လျူရှုထားရမယ့် စည်းမျဉ်းလေးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့ ၁။သူငယ်ချင်းလိုနေပြီးမှသာ ချစ်သူတွေဖြစ်ရင် အဆင်ပြေမယ်။ သူက သူငယ်ချင်းကောင်းလည်း ဖြစ်ရမယ် ဆိုတာမျိုး။ သူငယ်ချင်းဆိုတာ သူငယ်ချင်းပါပဲ။ ကိုယ်နဲ့အိမ်ထောင်ပြုမယ့်သူဟာ သူငယ်ချင်းဖြစ်ရမယ်ဆိုတာမျိုးဟာ အူကြောင်ကြောင်နိုင်လွန်းတဲ့ အတွေးပါ။ ၂။သင်နဲ့ သင့်ချစ်သူဟာ ပွဲတိုင်းအတူ တက်ရမယ်ဆိုတာမျိုး။ ဒီလို အတွေးမျိုးကလည်း ခုခေတ်မှာ မတွေးသင့်တောပါဘူး။ ချစ်သူနှစ်ဦး တပူးတွဲတွဲနဲ့ ချစ်ကြတာမျိုးရှိတာ သိပ်ကောင်းတဲ့အရာပေါ့။ ဒါပေမယ့် ဘယ်လိုပွဲမျိုးမဆို သူနဲ့ကိုယ်နဲ့ အတူတူသွားရမယ်ဆိုတဲ့ တယူသန်အတွေးမျိုးကိုတော့ ဖယ်ထုတ်ထားသင့်ပါတယ်။ ၃။သူဘာတွေကြိုက်တတ်သလဲဆိုတာ သိအောင်လုပ်ပြီး သူနဲ့အတူ လိုက်လုပ်ရမယ်ဆိုတာမျိုး။ သူက ဂေါ့ဖ်ရိုက်တာကိုနှစ်ခြိုက်တယ်ဆိုတော့ ကိုယ်ပါဂေါ့ဖ်လိုက်ရိုက်ရမယ်ဆိုတာမျိုးကလည်း ပေါကြောင်လွန်းလှတဲ့ […]
ချစ်တွေနှစ်ဦးကြားမှာ ချိုးဖောက်ပစ်သင့်တဲ့ စည်းမျဉ်းစည်းကမ်းများ
