မိန်းကလေးတွေဟာ ယောဂ ဘောင်းဘီတွေ ရေကူးဝတ်စုံတွေ နဲ့ ကြည့်ကောင်းချင်ကြပါတယ်။ ဒီစိတ်ကြောင့် “designer vagina” လို့ခေါ်တဲ့ ယောနိခွဲစိတ်ပြုပြင်မှု ခံယူဖို့ကို မိန်းကလေးတွေဟာ ရွေးချယ်လာကြတယ်လို့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ဆရာဝန်တွေက ဖော်ပြခဲ့ပါတယ်။ အသက် ၁၆ နှစ်အရွယ် မိန်းကလေးကအစ အသက် ၇၀ကျော် အမျိုးသမီးကြီးတွေအထိဟာ သူတို့ရဲ့ ယောနိ ပုံသဏ္ဍာန် လှပရေးအတွက် အလှအပရေးရာခွဲစိတ်ပြုပြင်မှုတွေ ခံယူနေကြပါတယ်။ တစ်သျှူး ဖယ်ထုတ်ခြင်း နဲ့ ပုံသဏ္ဍာန်ပြုပြင်ခြင်း ခွဲစိတ်မှု အရေအတွက်ဟာ သိသိသာသာ တိုးတက်လာကြောင်း ရသပလတ်စတစ်ဆာဂျရီ ဆိုင်ရာ အမေရိကန်အဖွဲ့အစည်း (ASAPS) က မှတ်တမ်းပြခဲ့ပါတယ်။ ၂၀၁၃ခုနှစ်နဲ့ ၂၀၁၄ခုနှစ် စာရင်းတွေအရ တစ်နှစ်အတွင်း ၄၉ရာခိုင်နှုန်း တိုးလာခဲ့တာပါ။ Labiaplasty လို့ခေါ်တဲ့ ယောနိတစ်ဝိုက်က အတွင်းဘက်နှုတ်ခမ်းသား တွေကို […]
ကြည့်ကောင်းချင်တာကြောင့် ယောနိခွဲစိတ်ပြုပြင်မှုနှုန်း သိသိသာသာများလာ
