ဝမ်းလဲဝ ကုသိုလ်လဲရ ဈေးလဲတော် သန့်သန့်လေးလဲ စားနိုင်မဲ့ ရွေ့လျား ထမင်းဆိုင်လေးပါ။ အားပေးလိုက်ပါအုံးနော်။
ဝမ်းလဲဝ ကုသိုလ်လဲရ ဈေးလဲတော် သန့်သန့်လေးလဲ စားနိုင်မဲ့ ရွေ့လျား ထမင်းဆိုင်လေးပါ။ အားပေးလိုက်ပါအုံးနော်။

ဝမ်းလဲဝ ကုသိုလ်လဲရ ဈေးလဲတော် သန့်သန့်လေးလဲ စားနိုင်မဲ့ ရွေ့လျား ထမင်းဆိုင်လေးပါ။ အားပေးလိုက်ပါအုံးနော်။
ငှက်ပျောသီး စားသုံးခြင်းဖြင့် အောက်ပါ ကျန်းမာရေး ကောင်းကျိုးများ ပေးစွမ်း နိုင်မှာ ဖြစ်ပါတယ်။ ၁။ စိတ်ဓာတ်ကျဆင်းမှု ပျောက်ကင်းစေခြင်း၂။ အူလမ်းကြောင်း ကျန်းမာရေး ကောင်းစေခြင်း၃။ သွေးပေါင်ချိန် ကျစေပြီး နှလုံးဆက်စပ် ရောဂါ ဖြစ်နေချိန် လျော့ချပေးခြင်း၎။ အရိုးအား သန်မာ ဖွံ့ဖြိုးစေခြင်း၅။ ဆေးလိပ်ဖျက်ရန် မှီဝဲသင့်သည့် အစားအစာ တစ်မျိုး၆။ သွေးနီဥကျဆင်းမှု မဖြစ်အောင် ကာကွယ်ပေးခြင်း၇။ အားဖြည့်စေခြင်း၈။ အမျိုးသမီး ဓမ္မတာ ကျန်းမာရေး အတွက် ကောင်းကျိုးပြု၉။ ဦးနှောက် ကျန်းမာရေးကို အထောက်အကူ ပြု၁၀။ အရည်အပြား ကျန်းမာရေး ကော်းမွန်စေသည်။ ရိုးရာလေး
၁) ဝသောသူများ တစ်နေ့ကို မီးနစ် ၃၀ ခန့်လောက် ကြိုးခုန်ပေးပါက ဝိတ်ကျစေနိုင်ပါတယ်။ (၂) ကြိုးခုန်ခြင်းကို ကစားခြင်းကြောင့် နှလုံး ခုန်နှုန်း မြန်စေပါတယ်။ ထို့ကြောင့် နှလုံးကြွက်သားများ သန်မာစေတဲ့ အပြင် အသက်ရှုလမ်းကြောင်းကိုလည်း ပိုမိုကောင်းမွန် စေပါ တယ်။ နှလုံးရောဂါ ရှိသူများ အထူးပင် လုပ်သင့်သော အားကစား တစ်ခုဖြစ်ပါတယ်။ (၃) ကြိုးခုန်ခြင်း ကစားနည်းကြောင့် ခန္ဓာကိုယ် အလေးချိန် ကျဆင်းစေသည့် အပြင် အရိုးများကိုလည်း သန်မာစေနိုင်ပါတယ်။ အလွန်ပင် အလုပ်များ တယ်ဆိုရင် တစ်နေ့ကို ၂ မီးနစ်ကနေ ၅ မီးနစ် လောက်ပဲ ကစားလိုက်ရုံဖြင့် အရိုးနှင့် ပက်သက်သော ရောဂါများကို ကာကွယ်ပေးနိုင် ပါတယ်။ (၄) ကြိုးခုန်ခြင်း […]
Lactobacillus Acidophilus လိုမျိုး သက်ရှိ ပိုးမွှားတွေဟာ ခန္ဓာကိုယ် အတွက် အကျိုးပြု ဘက်တီးရီးယား တွေဖြစ်ပြီး အစာခြေ စနစ်ကို ကောင်းမွန်စေတဲ့ အပြင် ခန္ဓာကိုယ် ကျန်းမာရေး အတွက်ပါ ကောင်းမွန် ပါတယ်။Probiotic ခေါ်တဲ့ ခန္ဓာကိုယ် အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တဲ့ဒိန်ချဉ် Cheese ကိုစားပြီး မီဆိုဟင်းချို သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။ ကိုလက်စထရောအဆင့်လျှော့ချနိုင်ခြင်း ပဲပရိုတင်းနဲ့အတူ Probiotics တွေစားပေးတာဟာ သင့်ရဲ့မကောင်းတဲ့ ကိုလက်စထရော LDL အဆင့်ကို လျှော့ချ နိုင်ပါတယ်။ Wollongong တက္ကသိုလ်မှ သုတေသီတွေရဲ့ လေ့လာမှုအရ ပဲနို့ဒိန်ချဉ်သောက် ကိုလက်စထရော အဆင့် အနည်းငယ် မြင့်မားနေတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေမှာ မကောင်းတဲ့ ကိုလက် စထရောအဆင့် […]
အသက် ၁၉ နှစ်ရှိသူ Zhang Chi ဆိုသူဟာ muscular dystrophy ခေါ် ကြွက်သားများ တဖြည်းဖြည်းကြုံလှီလာကာ နာတာရှည်ရောဂါခံစားနေခဲ့ရပြီး လမ်းလျှောက်ရန် အခက်အခဲဖြစ်ခဲ့ပါတယ်။ သို့ပေမယ့် အချစ်ဆုံးမိတ်ဆွေ Xie Xu ၁၈ နှစ်ဟာ တရုတ်ပြည်မြောက်ပိုင်း Xuzhou ရှိ Daxu အထက်တန်းကျောင်းရဲ့ စင်္ကြာလမ်းအထိ ၃ နှစ်တိုင်တိုင် ထမ်းသယ်ပေးခဲ့ပါတယ်။ ၄င်းတို့နှစ်ဦးမှာ ကျောင်းအနီးရှိ အဆောင်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ချက်ပြုတ်ခြင်းနဲ့ အဝတ်အစားတွေ လျှော်ပွတ်ခြင်းစတဲ့ နေ့စဉ်အလုပ်တွေကို ကူညီဆောင်ရွက်ပေးရင်း Zhang ကို Xie နေ့တိုင်း ထမ်းသယ်ပေးလျက်ရှိပါတယ်။ ၄င်းတို့နှစ်ဦးရဲ့ ဘဝဇာတ်ကြောင်းဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီး စိတ်ထိခိုက်ဖွယ်လည်း အလွန်ကောင်းကြောင်း လက်ထောက်ကျောင်းအုပ်ဖြစ်သူ Guo Chunxi က ပြောဆိုခဲ့တယ်။ သူတို့ဟာ မိသားစုဝင်တွေ […]
ကို့ယို့ကားယားနိုင်ပြီး ထူးခြားတဲ့စွဲလန်းရူးသွပ်မှုတွေရှိတဲ့ အမျိုးသမီးက နှစ်ရှည်လများ အချိန်အတော်ကြာစုဆောင်းလာခဲ့တဲ့ ကာတွန်းအရုပ်တွေနဲု့ယှဉ်ရင် စေ့စပ်ထားတဲ့အ မျိုးသားကိုတောင် စွန့်လွှတ်နိုင်ခဲ့လိုက်ပါတယ်။ အေပရယ်ဘက်ကာ အမည်ရယင်းအ မျိုးသမီးက ပေါင် ၁သိန်း၃သောင်းကျော်ကုန်ကျခဲ့ပြီးစုဆောင်းလာခဲ့တဲ့ ပုံစံမျိုးစုံအရုပ် ပေါင်းများစွာရှိပြီး အဲ့ဒီအရုပ်တွေနဲ့ပဲ နှစ်ပေါင်း ၃၀ နီးပါး အချိန်ကုန်ဖြတ်သန်းနေခဲ့တာ ကြောင့် ဘဝကြင်ဖော်ထက်တောင် ပိုပြီးချစ်ခင်တွယ်တာနေခဲ့တာပဲဖြစ်ပါတယ်။ အေပရယ်ရဲ့ အစွန်းရောက်တဲ့ စွဲလန်းမှုက လက်ထပ်ရမယ့် ချစ်သူရှိလာတဲ့ အချိန်ထိ အောင်ကိုပဲ ချစ်သူထက်အရုပ်တွေနဲ့ နေတဲ့အချိန်တွေကို ပိုပြီးဖန်တီးဖို့ စိတ်အားထက် သန်ခဲ့ပါတယ်။ ထို့အတွက် ချစ်သူနဲ့ အဆင်မပြေ ကတောက်ကဆအကြိမ်ကြိမ်ဖြစ်ခဲ့ ကာနောက်ဆုံးပြတ်စဲဖို့အထိကိုရောက်ရှိလာခဲ့ပြီး သူမဘက်ကစတင်ပြတ်ပြတ်သား သား စွန့်လွှတ်ခဲ့လိုက်တာပဲဖြစ်ပါတယ်။ အချိန်ပိုင်းအဆိုတော်၊ မော်ဒယ်ပရိုမိုတာ၊ စာရေးဆရာမ စတဲ့ အလုပ်အကိုင်မျိုးစုံကို အားချိန်မလပ်လောက်အောင်ကို လုပ်ကိုင်နေတဲ့သူမက သူမချစ်တဲ့ အရုပ်ကလေးတွေ အတွက်သာ အချိန်ပေးနိုင်တာဖြစ်ကာ […]
အေးချမ်းတဲ့ ချစ်သူစုံဘဝ ပိုင်ဆိုင်လိုသူတွေအတွက် မိမိချစ်သူကောင်မလေးအား လုံးဝ ထည့်မပြောသင့်တဲ့ စကားတွေရှိနေပါတယ်။ ကိုယ်ကဒါတွေ ပြောလိုက်လို့ တစ်ဖက်လူ စိတ်ကသိကအောင့် ဖြစ်သွားပြီ ဆိုရင် နှစ်ဦးသား ပျော်ရွှင်နေရာကနေ ပြသနာဖြစ်သွားနိုင်တဲ့အထိ ကြီးမားသွားနိုင်တာမို့ ဒီလိုစကားလေးတွေ မပြောဖြစ်အောင် သတိထားလိုက်ပါ။ Ø နင်အဲဒီအင်္ကျီနဲ့ဆို ကြည့်ရတာ ဝနေသလိုပဲ။ Ø နင့်အမေက နင့်ညီမထက်တောင် ပိုနုနေသလိုပဲ။ Ø သူငယ်ချင်းတွေနဲ့ ရှိတဲ့အချိန်က ဘ၀မှာ အပျော်ရွှင်ဆုံးအချိန်တွေပဲ။ Ø ဘောလုံးပွဲရှိလို့ ဒီနေ့ အပြင်မထွက်ချင်ဘူး။ Ø နင်က ငါ့အရင်ထားခဲ့တဲ့ ချစ်သူဟောင်းကို တစ်ခါတစ်ခါ သတိရစေတယ်။ Ø ငါ့အမေဟင်းချက်တာ ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ။ Ø နင့်သူငယ်ချင်းတွေကို ငါသိပ်သဘောမကျဘူး။ Ø အိုး… ဟိုကောင်မလေး သိပ်မိုက်တာပဲ။ Ø […]
ဆံပင်ဖြူ၍ စိတ်ညစ်နေသူများအတွက် ဆံပင်ကို သန်စွမ်းနက်မှောင်လာစေမည့် သဘာဝဆေးနည်းလေးကို ကျန်းမာရေးသတင်းများမှ မျှဝေပေးလိုက်ပါသည်။ ဆေးနည်း ၁။ သြဇာသီးအမှည့်၏ အစေ့ကို မိမိဆံပင် အထူးအပါးပေါ်မူတည်၍ အစေ့ (၂၀)၊ (၃၀) စသဖြင့် ယူပါ။ ၂။ ရင့်ပြီး မည်းနက်နေသော အစေ့များကိုသာ ရွေးယူပါ။ ၃။ ၄င်းအစေ့များကို မီးဖုတ်ပေးပါ။ ၄။ ပြာကျသွားသည့်အထိ ဖုတ်၍ ၄င်းသြဇာစေ့၏ ပြာကိုယူ၍ အုန်းဆီနှင့် ရောစပ်ကာ ဆံပင်ကို လိမ်းပေးပါ။ ပျားရည်၊ နနွင်းတို့နှင့် ရောစပ်ကာ မန်ကျည်းစေ့ခန့် ဆေးလုံးများပြုလုပ်ထား၍ ညပိုင်းမှာ ရေအေးနဲ့ သောက်သုံးနိုင်ပါတယ်။။ နောက်တစ်နည်း ကြိတ်မှန်ရွက်ကို အရည်ညစ်ယူပါ။ ပြီးလျှင် နမ်းဆီနှ့်ရော၍ ကြော်လိုက်ပါ။ ဆူပွတ်လာလျှင် အောက်ချပြီး အအေးခံထားပါ။ ၄င်းအရည်ကို ဆံပင်၏ အရင်းမှအဖျားထိ […]
သူငယ်ချင်းကောင်းတစ်ယောက် ရဖို့ဆိုတာ သူနဲ့အတူ အချိန်တွေအတူတူ ကုန်ဆုံးဖူးရမယ်။ အတွေ့အကြုံ၊ ခံစားချက်တွေ ဝေမျှဖူးရမှာပေါ့။ လေ့လာတွေ့ရှိချက် အသစ်အရတော့ သူငယ်ချင်းကောင်း တစ်ယောက်ဆိုတာ ကိုယ့်သူငယ်ချင်းနဲ့အတူ ငိုကြွေးဖူးသူ ဖြစ်ရပါမယ်တဲ့။ ဒါဟာ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်ဖို့လည်း အဓိက အချက်တစ်ချက် ဖြစ်တယ်လို့လည်း သိရပါတယ်။ Journal of Social and Clinical Psychology မှာ ဖော်ပြထားတာကတော့ သုတေသနတစ်ရပ်ပြုလုပ်ဖို့ နိုင်ငံပေါင်း ၃၅နိုင်ငံက အမျိုးသား ၂၁၈၁ယောက်နဲ့ အမျိုးသမီး ၂၉၁၅ယောက်တို့ဆီက အချက်အလက်တွေ စုဆောင်းခဲ့တာပါ။ အဲ့ဒီကရတဲ့အဖြေကတော့ သူငယ်ချင်းနှစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် အတူငိုကြွေးခဲ့ဖူးသူတွေဟာ တစ်ဥိးနဲ့တစ်ဦး ပိုချစ်ခင်ရင်နှီးကြပါတယ်တဲ့။ “သူငယ်ချင်းတွေဟာ ငိုကြွေးရင်း သူတို့အတွေ့အကြုံတွေကို ဝေမျှကြမယ်။ တစ်ယောက်နဲ့တစ်ယောက် အားပေးနှစ်သိမ့်ကြမယ်။ နှစ်ဦးစလုံး ခံစားနာကျင်နေကြရမယ်ဆိုရင်တောင် တစ်ဦးနဲ့တစ်ဦး ဖြေသိမ့်ပေးခြင်းကနေ […]
အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။ ၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။ ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။ ၂။ ဒီလိုလုပ်ခြင်းဟာ […]