အခုချိန်ကပူပြင်းခြောက်သွေ့တဲ့ နွေရာသီပီပြင်လှတဲ့ မတ်လကို ကုန်လွန်လာပါပြီ။ ဒီအချိန်ကတက္ကသိုလ်ဝင်တန်းကျောင်းသားတွေအတွက် ဆယ်တန်း စာမေးပွဲကြီးကိုပူပူနွေးနွေး ဖြေဆိုပြီးစ အချိန် ဖြစ်သလိုစာမေး ပွဲဖြေနေတဲ့ တက္ကသိုလ် အသီးသီးကကျောင်းသားတွေ အတွက်လည်း နွေကျောင်းပိတ်ရက်ရှည်ကာလကစောင့်ကြိုလို့နေ ပါတယ်။ ထို့အတူပဲ မြို့ပြရဲ့လုပ်ငန်းခွင်တွေထဲမှာကျင်လည်မွန်းကျပ်နေ သူတွေအတွက် သင်္ကြန်အားလပ်ရက်ရှည် ကာလကတဖြည်းဖြည်း နီးကပ်လာပါပြီ။ ဒီအချိန်ဟာခေတ်ရေစီးထဲကလူငယ်တွေအတွက် အပြင်ထွက် တဲ့အခါ၊ ဒါမှမဟုတ်အားလပ်ရက်မှာအပန်းဖြေခရီးတွေ သွားတဲ့အခါ ပူပြင်းတဲ့နွေကိုကာကွယ်အန်တုလို့ ဝတ်စားဆင်ယင်ဖို့ လိုအပ်ပါတယ်။ ဖက်ရှင်ရေစီးကြောင်းထဲအလိုက်သင့်မျောနေတဲ့ လူငယ်၊ လူရွယ်တွေအတွက် ဖက်ရှင်ဆိုတာရာသီဥတု အချိန်အခါနဲ့ ကာလံဒေသံကိုလိုက်ပြီးလည်းဝတ်လေ့ရှိကြပါတယ်။ အခုလို နွေကာလကပူပြင်းတယ် ဆိုတော့ ဒီလို နွေနေပူမှာယောကျာ်း၊ မိန်းမမရွေးလူငယ်လူရွယ်တွေ အနေနဲ့ နွေနဲ့လိုက်ဖက်မယ့် အရောင် လွင်လွင် ချည်သား Shirt အင်္ကျီ၊ Short Pants ဘောင်းဘီအတိုတွေ ၀တ်ဆင်မယ်ဆို အထာလည်းကျ၊ […]
အမျိုးသားဝတ် နွေဖက်ရှင်
