ရာသီဥတု ပူလွန်း၊ အေးလွန်းတဲ့အခါ ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေမှာ သိသိသာသာ နှုတ်ခမ်းအ သားပပ်လေ့ရှိပါတယ်။ နှုတ်ခမ်းဆိုးဆေး ဓာတ်မတည့်ခြင်းကြောင့်လည်း နှုတ်ခမ်းအသားပပ်တဲ့ဝေဒနာမျိုး ခံစားရနိုင်ပါတယ်။ ဘယ်လိုနည်းကြောင့်ပဲဖြစ်ဖြစ် အသားပပ်တဲ့အခါ နာကျင်ခံစားရုံမျှမက အလှပျက်၍ ဆွဲဆောင်မှုမရှိနိုင်တော့ပါဘူး။ သို့သော်စိတ်မပူပါနှင့်။ အောက်ပါရိုးရှင်းလွယ်ကူတဲ့အိမ်တွင်းကုထုံးလေးများက နှုတ်ခမ်းနှစ်လွှာကို ပကတိ အတိုင်း စိုအိချော မွေ့စေနိုင်မှာ ဖြစ်ပါသည်။ (၁) ရေပိုသောက်ပါ။(လက်ရှိသောက်နေကျ ရေပမာဏထက် နှစ်ဆတိုး၍သောက်ပါ။ ရေခဲရေ မသောက်ရ။) (၂) ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တို့ကို များများစားပေးပါ။ (၃) ဗီတာမင်အားဆေးများဖြစ်ကြတဲ့ ဗီတာမင်B2၊ ဗီတာမင်C၊ ဗီတာမင် E၊ ငါးကြီးဆီ ဆေးလုံးများမှီဝဲပါ။ (၄) သခွားသီးပါးပါးလှီး၍ ကပ်ပေးပါ။ (၅) ကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေး၊ ဟင်းရည်၊ စွပ်ပြုတ်တို့ကို အအေးခံ၍ သောက်ပါ။ […]
နှုတ်ခမ်းအသားပပ်ခြင်းအတွက် ရိုးရှင်းလွယ်ကူသော အိမ်တွင်းကုထုံးလေးများ
