ရခိုင်ရိုးရာ ဖြစ်တဲ့ ကြက်သားကို ငပိနဲ့ ချက်ထားတဲ့ ဟင်းလျာပါ။ အရသာက ထူးကဲပြီ ဟင်းနှစ်များများနဲ့ စားလို့ အရမ်းကောင်းပါတယ်။ အလွယ်တကူပဲ အိမ်မှာ ချက်စားနိုင်တာမို့ ခုပဲ လုပ်ကြည့်ရအောင်… ပါဝင်ပစ္စည်းများ ကြက်ပေါင် – ၆ခု (အတုံးလတ်များ ပိုင်းပါ) ခရမ်းချဉ်သီး – ၅လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ) ပဒယ်ဂေါ – ၁ခု (ပါးပါး အရှည်လှီးပါ(သို့) မညက်တညက်ထောင်း ချည်ပါ) ဆနွင်း – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ ငရုတ်သီးဆီချက် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ဒယ်ထဲ ဆီထည့်ပြီ ငရုတ်သီး အရောင်တင်မှုန့်ကို ဆီသပ်ပေးပါ) ကြက်သွန်နီ – ၃လုံး (နှုတ်နှုတ်စင်းပါ) ငပိ – စားပွဲတင်ဇွန်း ၃ပုံ၂ပုံ […]
ရခိုင် ကြက်သား ငပိဟင်း
