တောင်ပိုင်း အိန္ဒိယစတိုင် ကြက်ဥ ဟင်းလျာပါ။ ကြက်ဥကို ပြုတ်ပြီ အုန်းနို့၊ အိန္ဒိယဟင်းခတ်အမွှေးအကြိုင် အစုံအလင်နဲ့ ရောချက်ထားတာမို့ အရသာက စိမ့်ပြီ ရိုးရိုး ကြက်ဥ ဟင်းလျာတွေထက် တမူထူးခြားကောင်း မွန်ပါတယ်။ ချက်ရလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်… ပါဝင်ပစ္စည်းများ ကြက်ဥ – ၄လုံး (ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပေးပါ) ကြက်သွန်ဖြူ – ၃မွှာ (ညက်အောင် ထောင်းထားပါ) ကြက်သွန်နီ – ၂လုံး (ညက်အောင် ထောင်းထားပါ) ဂျင်း – လတ်တဆစ် (ညက်အောင် ထောင်းထားပါ) ငရုတ်သီးစိမ်း – ၂တောင့် (ထပ်ခြမ်းခြမ်းပါ) ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ) မဆလာ – စားပွဲတင်ဇွန်း […]
ဘယ်တော့မှမရိုးတဲ့ ကြက်ဥ ဟင်းလျာ(Egg Korma)
