တရုတ်လူမျိုးပါလို့ပြောလိုက်ရင် သူတို့ရဲ့ ၀မ်းဗိုက်က အစားအားလုံးကို လက်ခံတတ် ကြပါတယ်။ ဘာအ သားကို စားရမလဲ အကုန်စားပါမယ်။ ခွေးသားလား၊ ကြောင်သား လား၊ မြွေသားလား၊ ဘယ်အသားစားမလဲ မမေးပါနဲ့ ယူသာလာခဲ့ပါ။ အားလုံးကို အရသာရှိရှိနဲ့ စားလို့ရအောင် အကောင်းဆုံး ဖန်တီးချက်ပြုတ်ကျွေးမွေးပေးပါမယ်လို့ ကတိပြုပါတယ်။ တရုတ်အရှေ့မြောက်ပိုင်း လီရာအိုနင်းပြည်နယ် ရှန်ယန်းလမ်းသွယ်ထဲမှာရှိတဲ့ အစားအ သောက်ရောင်း တန်းတစ်ခုရဲ့ ဆိုင်တစ်ဆိုင်ဗန်းပေါ်မှာတင်ထားတာက အကောင်ပေါက် အရွယ်အစားရှိတဲ့ မိချောင်းပေါက် တစ်ကောင်ပါ။ အဲ့ဒီအကောင်က အအေးခံထားတဲ့ ရေငွေ့တထောင်းထောင်းထနေလေရဲ့။ မြင်တာနဲ့တင် ကြက်သီးထမိပါတယ်။ ဆူးတောင်မည်းမည်း ဘုတွေထောင်ထောင်ထနေတဲ့ အကောင်ကို ကိုယ်လုံးပိုင်းတစ် ၀က်မှာ အရေခွံလှန် ထားပြီးတော့ လာရောက်စားသုံးတဲ့ သူတွေစိတ်ကြိုက် အသား ပိုင်း အစတွေကိုလှီးပြီးတော့ ဒုတ်ချောင်းနဲ့ ထိုးပြီး မိချောင်းသားဒုတ်ထိုး နဲ့တည်ခင်းဧည့်ခံ […]
တရုတ်ပြည်က မိချောင်းသားဒုတ်ထိုး အရသာရှိဟု စားသုံးသူများဆို
