သခွါးသီးကို ပုစွန်တက်လေးမီးကင်နဲ့ ချက်ရင် အရမ်းမွှေးပြီး ချိုပါတယ်။ငါးရွှေကင်ကိုကျတော့ ဟင်းချိုချက်ရင် အရမ်းကောင်းပါ တယ်။ မွေးလူနာတွေကို ငါးရွှေမီးကင်ဟင်းချိုလေး ကျွေး လို့ရပါတယ်။ရခိုင်တောင်ပိုင်းဒေသတွေမှာ မုန့်တီ ချက်တဲ့အခါ သုံးပါတယ်။ ဒလှိမ့် ခေါ် မွှေကြော်လေးလုပ်ရင်လည်း အရမ်းကောင်းပါတယ်။ ချက်နည်း ငါးရွှေကို သေချာဆေးပြီး ခြောက်နေအောင်မီးကင်ပေးပါ။မီးကင်ပြီးတဲ့ ငါးရွှေကို အနေတော်လေးတွေဖြစ်အောင် ခြွေထားပေးပါ။ သခွါးသီးကို သေချာဆေး ၊ အခွံခွါပြီး အနေတော်လေးတွေ တုံးပေးထားပါ။ ကြက်သွန်ဖြူ / နီ ကို ဆနွင်းမှုန့်နည်းနည်းထည့်ပြီး ထောင်းပေးပါ။ ချက်မယ့်အိုးထဲကို ကြက်သွန်ထောင်းထားတဲ့အနှစ်လေးထည့်ပြီး ဆီပါတယ်ဆိုရုံထည့်ပြီး ချက်ပေးပါ။ အနံ့လေးမွှေးလာပြီဆိုရင်တော့ ခြွေထားတဲ့ငါးရွှေမီးကင်လေးကို ထည့်မွှေပေးပါ။ အချို ၊ အငံ သေချာထည့်ပြီး ရေနည်းနည်းထည့်ပေးပါ။ အဖုံးခဏအုပ်ထားပေးပါ။တအောင့်ကြာလို့ ဟင်းအိုးဆူလာပြီဆိုရင် သခွါးသီးလေး ထည့်ပေးပါ။ အရည်သောက်လေးလိုချင်တယ်ဆိုရင် […]
ငါးရွှေကင် နဲ့ သခွါးသီးချက် (သင်္ဘောထိုးကြပ်ကင် နန့် သခွါးသီးချက်)
